အခန်း - ( ၂ )【 Z 】

548 15 0
                                    

『 ယခင်ကခေါင်းဆောင်များ။ 』

_________________________________

ထိုစကားအဆုံးတွင်အသင်းဖော်များမှာ တုန်လှုပ်ချောက်ချားစွာဖြင့်အချင်းချင်းကြည့်မိလိုက်ကြသည်။
ကျောက်ဖုန်းသည်ထိုင်ခုံအားပိုမိုသက်တောင့်သက်သာရှိသည့်အနေအထားသို့ပြောင်းလိုက်ပြီးဖြေးညှင်းစွာဆိုလာခဲ့၏။

" ငါမင်းတို့ကိုဒါတွေပြောပြတယ်ဆိုတာအခြေအနေကိုနားလည်ထားအောင်လို့ ၊ အဲ့ဒါမှမရှင်းမလင်းမဖြစ်ဘဲသူ့ကိုစိတ်အနှောင့်အယှက်ဖြစ်အောင်မလုပ်မိမှာ။ "

" သူပရော်ဖက်ရှင်နယ်လောကထဲမဝင်ခင်က ၊ ရှစ်လော့ကကျောင်းမှာတော်တော်အဆင့်ကောင်းတာ။ တော်တော်ကြီးကိုကောင်းတာ ၊ အဲ့ဒါကြောင့်သူကဒီပရော်ဖက်ရှင်နယ်လမ်းကိုမသွားချင်ခဲ့ဘူး။ ဒီတော့ထုတ်လွှင့်တဲ့သူအဖြစ်နဲ့ပဲနေခဲ့တယ် ၊ သူ့မိသားစုကလည်းသေချာပေါက်ဒီကိစ္စကိုလက်မခံနိုင်ဘူးပေါ့။ "

" ရှစ်လော့အခုလည်းသူ့မိသားစုကို မဆက်သွယ်သေးဘူး ၊ သူမိသားစုထဲကပဲထွက်လိုက်တာလားဆိုတာတော့ငါလည်းမသိဘူး။ ဘယ်သူမှလည်းမမေးရဲဘူးလေ။ "

" အဲ့တုန်းတည်းကသူကထုတ်လွှင့်တဲ့သူတွေကြားမှာနာမည်ကြီးနေပြီးသား ၊ ပြည်တွင်းဆာဗာမှာလည်း အဆင့်မြင့်တယ်။ အဲ့တော့သူ့ကိုကလပ်တော်တော်များများကလည်း ရှာတွေ့သွားကြတယ် ၊ ရှစ်လော့ကအဲ့တုန်းက Medic နေရာကပဲကစားနေတုန်း။ ကောင်းတဲ့ Medic ဆိုတာရှားတော့သူ့ကိုကလပ်အများစုကဆက်သွယ်ခဲ့ကြတယ် ၊ သူအကုန်လုံးကိုငြင်းပစ်ခဲ့တာငါတောင်အပါအဝင်ပဲ။ အဲ့တုန်းကသူငါ့ကိုပြောခဲ့တာသူပရော်ဖက်ရှင်နယ်လောကမှာ မကစားချင်သေးဘူးတဲ့ ၊ ဒါပေမယ့် နောက်ကျမသိရတဲ့အကြောင်းတစ်ချို့ကြောင့်နဲ့သူ Whisper ရဲ့အသင်းကိုရောက်သွားတယ်။ "

" သူကပရော်ဖက်ရှင်နယ်ကစားဖို့မဖြစ်နိုင်တာမို့လို့သူ့အတွက်နဲ့အချိန်ကုန်ခံမနေပါနဲ့ဆိုပြီးငါတို့တွေ ၊ ကလပ်တွေအများကြီးကိုအတိုက်အခံပြုခဲ့ပြီး နောက်တော့ Whisper ဆီရောက်သွားခဲ့တယ်လေ။ ဟူး ...."

မြူအုပ် || ဘာသာပြန်Donde viven las historias. Descúbrelo ahora