အခန်း - ( ၂၀ )【 U 】

933 129 9
                                    

ကျိယန်ဟန်ပေးည့်ပန်းစည်းတို့ကိုပစ်ထုတ်လိုက်လေရာယွီဆွေ့သည်သူ့အားပထမဆုံးပန်းစည်းပေးဖူးည့်သူဖြစ်လာပြန်ပေတော့သည်။ 』

______

စာမေးပွဲခန်းမ၌ကားအလွန်များနေကာ ၊ အထူးယာဉ်ထိန်းရဲမှလာရောက်ရှင်းလင်းပေးသည့်တိုင်လမ်းမှာဆက်လက်ပိတ်နေ၏။
ဖြေဆိုများအားသယ်ဆောင်ထားသည့်ကားများအားလုံးမှာ းအလျင်လိုနေကြလေရာ ၊ လမ်းမှာလည်းပိုမိုပိတ်လာရလျက်။

ယွီဆွေ့သည်သူတို့ဟိုတယ်ပြန်မရောက်နိုင်မည်အားတခဏမျှစိုးရိမ်မိသွားရပြီး ၊ အပြင်သို့လှမ်းကြည့်လိုက်ပြီးနောက် ရှစ်လော့ထံဆိုလိုက်၏။

" ဘာလို့ခဏလောက်မမှေးတာလဲ ၊ မွန်းလွဲသင်္ချာဖြေချိန်ကျအိပ်ငိုက်နေရင် မကောင်းဘူး။ "

ရှစ်လော့သည်မျက်မှောင်ကျုံ့လိုက်ကာ ၊ အင်းသံပြု၍မျက်လုံးမှိတ်ထားလိုက်တော့သည်။
ယမန်နေ့ညတွင်နာရီအနည်းငယ်မျှ အိပ်ထားသည်ရှိရာရှစ်လော့သည်ယွီဆွေ့ထက်ပိုမိုအားရှိနေသည်မှန်သော်လည်းယခင်ပွဲစဉ်ကစားထားသည့်ပင်ပန်းနွမ်းနယ်မှုမှာမပျောက်ပျက်သေးသည့်အပြင် ၊ မနက်ခင်းတွင်လည်းထိတ်လန့်မှနှင့်စာမေးပွဲတို့ဖြေဆိုခဲ့ရသေးသည်ကြောင့်သူ၏အားအင်မှာအလွန်အမင်းကုန်ခမ်းနေလေ၏။

သို့နှင့်မိနစ်အနည်းငယ်ကြာပြီးသည့်နောက်တွင် ၊ ရှစ်လော့မှာအိပ်ပျော်သွားပါတော့သည်။
ကျိယန်ဟန်မှာခေါင်းလှည့်၍ ကြည့်လာပြီး -

" ဒီလိုအိပ်နိုင်တဲ့အရည်အချင်းကအတော်လေးကောင်းတယ် ... မဆိုးဘူး။
နောက်ပြီးသူကားထဲဝင်လာတော့လည်းရိုးရိုးသားသားလေးနဲ့ပဲ ၊ ငါကသူထွက်ပြေးသွားပြီးနောက်ဘာသာရပ်တွေမဖြေတော့မှာစိတ်ပူနေတာ။ "

" သူထွက်ပြေးဖို့ကတော့တွေးထားလောက်ပြီးပြီ ၊ အဲ့ဒါကိုတွေးကြည့်ပြီးမှ မဖြစ်နိုင်လို့သာနှာခေါင်းကိုဖျစ်လိုက်ပြီးဝင်လာတာ။ "

ယွီဆွေ့၏နှုတ်ခမ်းစွန်းတို့မှာ အနည်းငယ်မျှကော့တက်သွားရပြီး ၊ တိုးလျသည့်အသံနှင့်ပြောလာခဲ့၏။

မြူအုပ် || ဘာသာပြန်Where stories live. Discover now