အခန်း - ( ၃၀ )【 U 】

916 146 13
                                    

『 Whisper ၏နူးညံ့ကြင်နာမှုတို့မှာအကန့်အသတ်ရှိနေခဲ့ကာသည်တစ်ကြိမ်တွင်ရှစ်လော့အားချန်ရစ်ထားခဲ့ပေတော့သည်။ 』

_________________________________

ထိုနှစ်ကမွေးနေ့အပြီးနောက်လအား ယွီဆွေ့များများစားစားအမှတ်မရချင်ခဲ့ ၊ သူသည်ကောင်းကောင်းခုခံနိုင်စွမ်းလည်းမရှိခဲ့ပေ။
ထိုနေ့ကကုတင်ထက်သူ၏တွေးတောမှုများအပြီး ၊ ယွီဆွေ့သည်သူ၏မိဘများထံမပြောပြရန်ဆုံးဖြတ်လိုက်သည်။

သူသည်အိမ်မှထွက်၍သောက်ဖုန်းကလပ်ထံသွားရောက်ခဲ့ချိန်တွင်သူသည်သန္နိဌာန်ချထားခဲ့သည်မှာ - သည်အရာမှာငါ၏ရွေးချယ်ရာသာ ၊ နောက်ဆက်တွဲဖြစ်လာမည့် မည်သည့်ကိစ္စရပ်မဆိုမိဘတို့အားလိုက်လံဂရုစိုက်ခိုင်းနေမည်မဟုတ်ဟူ၍။
ယခုသူပိုက်ဆံလိုမှသာမိဘအိမ်ပြန်ခဲ့လျှင်မျက်နှာပျက်ရမည်ကဒုတိယကိစ္စ ၊ ပထမအနေနှင့်ထိုအဆင့်သို့သာရောက်သွားပါကသူသည်မည်သည့်အရှက်တို့မျှကျန်ရှိနေပါ့ဦးမည့်အပြင် သူ၏မိဘများကပါထိုသို့ဖြစ်ရအောင် မည်သူတို့ကိုကျေးဇူးကြွေးတို့ရှိနေလို့ပါနည်း ?

သူ၏မိဘနှစ်ဦးစလုံးမှာမြင့်မားသည့်အသိုင်းအဝိုင်းမှဖြစ်ကြကာငယ်ငယ်ရွယ်ရွယ်နှင့်ကျောင်းထွက်သွားသည့်သားကိုရရှိထားခြင်းသည်ပင်ကံဆိုးအရှက်ရဖွယ်ရှိလှပြီဖြစ်ရာ ၊ ယခုတွင်အဘယ်ကြောင့်သားဖြစ်သူ၏အသင်းအတွက်ပါငွေများပေးချေနေရဦးမည်နည်း ?အဘယ်ကြောင့်သားဖြစ်သူ၏အသင်းသားများအတွက်ပါငွေများပေးချေနေရဦးမည်နည်း ?
ထိုစုံတွဲမှာပညာရေးကိုစွဲလမ်းလှကြောင်းပြောစရာပင်မလိုလှရာ ၊ သည်နှစ်များအတွင်းပိုက်ဆံလည်းသိပ်မစုဆောင်းမိကြကာမိသားစုပိုင်ပိုက်ဆံများမှာလည်းအဘိုးထံမှရရှိလာခြင်းသာ။

ထို့ကြောင့်ယခုတွင်ပိုက်ဆံသွားရောက်တောင်းမိပါကထိုသူတို့နှစ်ဦး၏အငြိမ်းစားလခများကိုသွားရောက်လုယက်ဟန်တူနေပြီး ... ယင်းမှာလူကြီးတို့ကိုစိတ်ဆင်းရဲစေရုံသာမက ၊ အလွန်စဉ်းလဲရာကျသွားပေမည်။
ဒုက္ခဆင်းရဲတို့ခံသင့်သည်မှာမိဘတို့မဟုတ်သလို ၊ ကျေးဇူးကြွေးတို့ရှိနေသည်မှာလည်းကိုယ်တိုင်သာဖြစ်လေရာကိုယ်တိုင်သည်ပင်ပြန်လည်ပေးဆပ်ရမည်သာ။

မြူအုပ် || ဘာသာပြန်Donde viven las historias. Descúbrelo ahora