『 သူပရော်ဖက်ရှင်နယ်ကစားဖို့အလားအလာရှိလား ?』
__________________________________
လွန်ခဲ့သည့် နှစ်နှစ်အချိန်ကာလ။
ယွီဆွေ့သည်ကျန်ရှိနေသေးသည့်လီမွန်တီးအားစားပွဲထက်တင်လိုက်ပြီး ၊ အိပ်ယာထက်၌လည်းသက်တောင့်သက်သာရှိစွာလဲလိုက်၏။
FS အသင်း၏ရှန်ဟိုင်းရှိဌာနချုပ်တွင် ခေါင်းဆောင်အခန်းသည်အလွန်တရာမှတိတ်ဆိတ်နေလျက်ရှိသည်။နေရောင်ခြည်မှာလည်းထိန်လင်းဖြာကျနေကာအခန်းတွင်းပြတင်းပေါက်မှာလည်းမပိတ်ထား ၊ လိုက်ကာများမှာလည်းလေပြေညှင်းနှင့်အတူယိမ်းယိုင်နေလျက်စားပွဲပေါ်သို့လီမွန်တီးအားရွှေ့လိုက်ပြီးနောက်ယွီဆွေ့သည်စားပွဲဘေးရှိအိပ်ယာထက်တွင်တဖြည်းဖြည်းနှင့်အိပ်ပျော်သွားတော့၏။
အိပ်ယာနားဘေးထက်ရှိဖုန်းမှာဆက်တိုက်တုန်ခါနေပြီး ၊ ယင်းမှာတစ်ခါမြည်လာတိုင်းတုန်ခါသောကြောင့်အိပ်ယာအစွန်းသို့အနည်းငယ်စီရွေ့ရွေ့သွားကာအဆုံးတွင်ကြမ်းပြင်ထက်သို့လျှောကျသွားတော့သည်။
ယွီဆွေ့မှာမျက်လုံးအားအနည်းငယ်ဖွင့်ဟလာပြီး ၊ အိပ်ယာအောက်သို့ခေါင်းငုံ့ကြည့်ပြီးနောက်ပြန်လှည့်ကာပြန်အိပ်လိုက်တော့၏။တစ်နာရီကြာပြီးသည့်အချိန်တွင်ကား ၊ ယွီဆွေ့သည်အိပ်ပျော်နေရာမှနိုးလာပြီး ထလိုက်ကာအိပ်ယာအောက်ရှိဖုန်းအားကောက်ယူ၍အိပ်ယာထက်သို့ပြန်တင်လိုက်သည်။
ထို့နောက်မျက်နှာသစ်ကာ ပြတင်းပေါက်နားထိုင်ပြီးဆေးလိပ်မီးညှိလိုက်လျက် ၊ ထို့နောက်ဖုန်းယူပြီးကြည့်ကြည့်လိုက်၏။Wechat ထက်တွင်အရေးမပါလှသည့်စာများ ၊ အရေးပါလှသည့်စာများနှင့်စုပြုံတက်နေလျက်။
ယွီဆွေ့သည်ယင်းစာများအားတစ်ခုချင်းစီဝင်ဖတ်ကြည့်ကာလိုအပ်သည့်စာများသာစာပြန်လိုက်ပြီး ၊ သူ့အားအနည်းငယ်အံ့အားသင့်သွားစေသည်မှာခယ့်ဟောက်ထံမှဖုန်းကောလ်များစွာဝင်ထားခြင်းပင်။
ခယ့်ဟောက်သည်ယွီဆွေ့၏အတန်းဖော် ၊ ငယ်သူငယ်ချင်းတစ်ဦးဖြစ်သည်။
CZYTASZ
မြူအုပ် || ဘာသာပြန်
Romans「 ကိုယ်မင်းအတွက်ကြောင့်ပါပဲ ၊ နှလုံးအိမ်ထက်ကဖုန်မှုန့်မြူစိုင်တို့ကိုလည်းသန့်စင်ပေးနိုင်ပါသေးရဲ့။ 」 မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။