『 ယွီဆွေ့သည်ယခုသူပွဲဦးထွက်သည့်နှစ်မှစ၍ပြန်လည်တွေးတောကြည့်လေရာ ၊ သူသည်မည်သည်နှင့်မျှမထိုက်တန်သည့်သူအလားရုတ်ချည်းခံစားလိုက်ရ၏။ 』
__________________________________
ကျိယန်ဟန်သည်သန့်စင်ခန်းအတွင်း တစ်စုံတစ်ခုမှားယွင်းနေပြီမှန်းသတိပြုမိသွားပြီး ၊ သူထိတ်ထိတ်ပျာပျာထရပ်လိုက်ကာသန့်စင်ခန်းထံသို့ခြေလှမ်းအနည်းငယ်လှမ်း၍လျှောက်သွားလိုက်၏။
ယွီဆွေ့မှာသူ၏ကိုယ်တွင်းအင်္ဂါတို့ထံမှ နာကျင်မှုတို့ကိုတွန်းလှန်သည်းခံ၍ ၊ ဦးမော့လိုက်ပြီးသန့်စင်ခန်းတံခါးကိုပိတ်ကာလော့ခ်ချလိုက်သည်။သူသည်ကျိယန်ဟန်နှင့် ဆွေးနွေးစရာကိစ္စရပ်တို့အများကြီးရှိနေပါသေး၏ ၊ ကျိယန်ဟန်သည်ကြောင့်ကြထိတ်လန့်စွာဖြင့်တံခါးကိုခေါက်လာလျက် -
" မင်းဘာဖြစ်တာလဲ ?မင်းထပ်အန်ပြန်တာလား ?တံခါးဖွင့်!ငါကြည့်ကြည့်မယ်!အရမ်းပြင်းလား ?!"
ယွီဆွေ့သည်သူ့ကိုယ်သူဘေစင်ထက် မှီထောက်ထားကာကျန်လက်တစ်ဖက်နှင့်ဝမ်းဗိုက်ကိုပွတ်သပ်နေပြီး ၊ ယင်းအားပျောက်ကွယ်သွားစေရန်ကြိုးပမ်းနေလျက်နှင့်သူကိုယ်တိုင်ထံမှဝင်ရောက်နှောင့်ယှက်ခြင်းအပြုမခံနိုင်စွာဖြင့်သူ၏စိတ်ကိုရှင်းလင်းအောင်ပြုလုပ်ရန်အတတ်နိုင်ဆုံး အလျင်လိုအပ်နေပေသည်။
မင့်မင့်မိသားစု၏ပြဿနာရပ်မှာအဆုံးအစွန်သို့ရောက်နေပြီဖြစ်ပြီးကျိယန်ဟန်၏ငွေကြေးထောက်ပံ့နိုင်မှုလည်း ပမာဏများစွာကွာဟနေသေးကာ ၊ ထိုဖြစ်ရပ်မှာအလွန်ပင်လျင်မြန်စွာဖြစ်ပျက်သွားသည့်ကိစ္စဖြစ်လေရာ ယွီဆွေ့တင်ဖြုန်းနေဖွယ်အချိန်တို့မရှိတော့ပါချေ။ယခုအခြေအနေမှာပင် အလွန်ပင်မြန်ဆန်လွန်းလှကာ ၊ ယွီဆွေ့သည်သူဆေးရုံကုတင်ထက်နိုးလာပြီးအရာအားလုံးမှာအခြေကျသွားသည့်အခြေအနေသာဖြစ်လာခဲ့ပါကထိုအချိန်တွင်အလွန်နောက်ကျသွားပေလိမ့်မည်။
သူသည်စိတ်ကိုခဏမျှလျှော့ချလိုက်ကာ ၊ တံခါးမှတဆင့် -" ကျွန်တော် ... "
ယွီဆွေ့သည်အနည်းငယ်ကိုယ်ကိုကိုင်းညွှတ်လိုက်ပြီး ၊ သူ၏မျက်နှာထက်မှချွေးစေးတို့စီးကျလာကာ အလွန်တရာမှလည်းနာကျင်ဒဏ်တို့ခံစားနေရလျက်။
သူသည်ဝေဒနာဒဏ်အပြင်းအထန်ကြောင့် ၊ မည်သည်ကိုမျှပင်သဲသဲကွဲကွဲမြင်နိုင်စွမ်းမရှိတော့သည်အထိပင်။
![](https://img.wattpad.com/cover/339533352-288-k763021.jpg)
STAI LEGGENDO
မြူအုပ် || ဘာသာပြန်
Storie d'amore「 ကိုယ်မင်းအတွက်ကြောင့်ပါပဲ ၊ နှလုံးအိမ်ထက်ကဖုန်မှုန့်မြူစိုင်တို့ကိုလည်းသန့်စင်ပေးနိုင်ပါသေးရဲ့။ 」 မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။