Chapter 9
ဌာနမှူးနာမည်ကား ဖုန့်မောင်ဖြစ်ပြီး ယခုစာသင်နှစ်၌ ပြောင်းလာခဲ့ခြင်းပင်။
ဌာနမှူးတွေက ယခုကဲ့သို့ကိစ္စများအား တာဝန်ယူရပြီး စည်းကမ်းတင်းကြပ်လှသည်။ သူသည် မနက်စာမစားဘဲ စပီကာအားကိုင်ကာ စာသင်ဆောင်ရှေ့၌ မိနစ်ငါးဆယ်ကြာ ရပ်နေပြီးနောက်ဆုံး၌ ယင်းကျောင်းကဲ့သို့ ပုံစံမကျသည့်ကျောင်းသားအား အပြစ်ပေးရန် ဖမ်းမိလေသည်။
သူက အတန်းခုနစ်မှဖြစ်ကာ ဒုတိယနှစ်ဆိုသည်အား သိပြီး ဖုန့်မောင်သည် သူ့အား ဒုတိယတန်းသိပ္ပံရုံးခန်းသို့ တိုက်ရိုက်ခေါ်သွားကာ သူ့ကိုဆရာလျိုထံ တွန်းပို့လိုက်သည်။
“ဒီကောင်လေးက ဆရာတို့အတန်းကဆိုတာ ဟုတ်သလား..”
ဆရာလျိုက ပေါက်ဆီစားနေဆဲဖြစ်ပြီး သူတို့နှစ်ယောက်အား တွေ့ချိန်၌ မျက်မှောင်ကျုံ့လိုက်မိသည်။
“ဟုတ်တယ်..”
သူကမတ်တပ်ရပ်လိုက်ကာ ရုံးခန်းပိုင်ထိုင်ခုံအား တွန်းဖယ်လိုက်ပြီး ကျင်းစစ်အားကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။
“သူတို့နှစ်ယောက် ဘာလုပ်ထားလို့လဲ…”
“ဒါက..”
ဖုန့်မောင်က ယင်းကျောင်းအားလက်ညိုးထိုးပြသည်။
“သူက ကျောင်းယူနီဖောင်းဝတ်မလာတာ လက်ပူးလက်ချပ်မိတာ…”
သူက လှည့်လိုက်ပြီး ကျင်းစစ်အားဆွဲခေါ်ကာ နှာမှုတ်၍ဆိုသည်။
“ဒီတစ်ယောက်က သူ့ သူငယ်ချင်းအတွက် ကျောင်းဝတ်စုံကညစ်ပတ်နေတယ်ဆိုပြီး သက်သေခံပေးမယ်ပြောတယ်…”
ထိုသည်က ရန်ဖြစ်ခြင်းနှင့် အတန်းလစ်ခြင်းမဟုတ်ကြောင်းကြားရပြီးနောက် ဆရာလျိုက စိတ်သက်သာရကာ သက်ပြင်းချလိုက်မိသည်။
“ဒါရိုက်တာ..မစိုးရိမ်ပါနဲ့..ကျွန်တော် သူ့ကို ကျောင်းယူနီဖောင်းဝတ်ဖို့ ပြန်ခိုင်းလိုက်မယ်…”
ဖုန့်မောင်က သူ့၏ပေါ့ပေါ့တန်တန် အပြုအမူကြောင့် အလွန်မကျေမနပ်ဖြစ်နေသည်။ သူက ခုံကိုပုတ်လိုက်ပြီး ပြောသည်။
YOU ARE READING
[COMPLETED]ကျောင်းမြက်လေးရဲ့ရည်းစားဟောင်းအဖြစ် (ဘာသာပြန်)
RandomTranslation novel Unicode only Zawgyi users များ Tele channel မှာ pdf file ဖတ်လို့ရပါတယ်ရှင်