Chapter 56

2.1K 278 7
                                    

Chapter 56

12 နာရီဝန်းကျင်တွင် စားပွဲပေါ်ရှိအစားအသောက်များသည် အဆင်သင့် ဖြစ်နေလေပြီ။ အမျိုးသားများသည် ခွက်များကို ဖလှယ်နေကြကာ အမျိုးသမီးများသည် တိတ်တဆိတ် သူတို့၏ ယောင်္ကျားများနှင့် ကလေးများကို ကြွားနေကြသည်။

ကျောင်းညီအစ်မများ၏ ကလေးများသည် အလွန်ပြိုင်ဆိုင်ကြလေသည်။ အစ်မကျောင်း၏ ကလေးသည် ယခုနှစ် ဒေသတွင်း 211 စာမေးပွဲကို အောင်မြင်ခဲ့လေသည် ။ ကျောင်းကျင်းဖုန် အစ်မနှစ်ယောက်၏ သားများသည် သက်တူရွယ်တူဖြစ်လေသည်။ သူတို့သည် မြို့ထဲရှိ နာမည်ကြီးအထက်တန်းကျောင်းနှစ်ကျောင်းမှ အထက်တန်း ပထမနှစ် ကျောင်းသားများဖြစ်ကြပြီး သူတို့၏ အဆင့်များသည် မဆိုးပေ။

အစ်မကျောင်းသည် စက္ကူပဝါကိုယူလိုက်ကာ ပါးစပ်သုတ်၍ ပြုံးပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။

"  ငါကြုံဖူးတဲ့ အတွေ့အကြုံတွေအရပြောပြတာ ကလေးတွေ ကောလိပ်တက်ရင် သာမာန်ကောလိပ်ကိုပဲရွေး မဟုတ်ရင် သူတို့ အနာဂါတ်မှာ အလုပ်ရှာဖို့ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲ ကိုဝင်ဖြေရင် နင်တို့အများကြီးဆုံးရှုံးရလိမ့်မယ်"

သူမသည် ကျင်းစစ်နှင့် ကျင်းမြောင်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

" မြောင်မြောင်ရဲ့ အဆင့်တွေကကောင်းတယ် မင်းရဲ့အကိုခြေရာနောက်ကို မင်းလိုက်နိုင်မယ်လို့ မျှော်လင့်တယ်... ကျင်းစစ်..."

(Eng T/n သူမက ကျင်းမြောင်ရဲ့ ဝမ်းကွဲ အကြောင်းပြောနေတာ ကျင်းစစ်ကို မဟုတ်ဘူး)

(T/n : အပေါ်ကစာက ကျင်းစစ်ကိုပြောတာ မဟုတ်ဘူး ဒါပေမဲ့နောက်ဆုံးက တော့ ကျင်းစစ်နာမည်ကိုခေါ်လိုက်တာ)

သူမ အသက်မဲ့စွာပြုံးလိုက်ပြီး " အန်တီက မင်းကို အဆင့်တွေအကြောင်း အများကြီးတော့မပြောချင်ပါဘူး ဒါပေမဲ့ မင်းမိဘတွေကိုတော့ သိပ်ပြီးတော့ ဒုက္ခမပေးနဲ့ "

ကျောင်းကျင်းဖုန်က ရုတ်တရက် ဆို့နင့်သွားကာ အစ်မကျောင်းကို မျက်လုံးတစ်ဖက် အမြန် မှိတ်ပြလိုက်လေသည်။

သူမကသာ ကျင်းစစ်ရဲ့ ပြောင်းလဲမှု နှင့် တိုးတက်လာသော အဆင့်များကို သိသောကြောင့် ကျောင်းကျင်းဖုန် စိတ်ထိခိုက်သလို ခံစားလိုက်ရပြီး ထိုအချိန်တွင် အလွန်ထိတ်လန့်သွားလေသည်။

[COMPLETED]ကျောင်းမြက်လေးရဲ့ရည်းစားဟောင်းအဖြစ် (ဘာသာပြန်)Where stories live. Discover now