Chapter 93
-----------------------
ကျင်းစစ် ဦးခေါင်းက ပေါက်ကွဲသွားပြီး သူ့မျက်နှာမှာလည်း လောင်ကျွမ်းတော့မတတ် ပူလောင်သွားရသည်။
သူက ဝိုးတိုးဝါးတား ထစ်ထစ်အအဖြင့် ပြောလိုက်သည်။
" မနက်အစောပိုင်း သဘာဝအလျောက် တုံ့ပြန်မှု"
"အိုး သဘာဝအလျောက် တုံ့ပြန်မှု " ယင်းကျောင်းက ခေါင်းငြိမ့်လိုက်ပြီး ပေါ့ပေါ့ပါးပါးဟန်ဖြင့် ပြောလိုက်လေသည်။
" အဲ့ဒါဆို မင်းပြောချင်တာက မင်းကကိုယ့်ကို တုံ့ပြန်ခဲ့တာ မဟုတ်ဘူးပေါ့"
ထိုမေးခွန်းက ဖြေဆိုရန် ခက်ခဲလွန်းသဖြင့် ကျင်းစစ်မှာ တိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်သည်။
"တကယ်လား"
ယင်းကျောင်းက သူ့ခါးပေါ်သို့ လက်တင်ကာ အပြုံးတဝက်ဖြင့် ပြောလိုက်၏။
" ဒါဆို ကိုယ်ဒီနေ့ မှန်မမှန် စစ်ဆေးကြည့်မယ်"
ကျင်းစစ်မှာ အသက်ရှူကျပ်သွားရပြီး အောက်သို့သွားနေသည့် ထို သူ့လက်ကို ဖမ်းကိုင်ကာ တားလိုက်သည်။
"မလုပ်နဲ့ ..."
"ဘာကို မလုပ်ရမှာလဲ"
"မှန်မမှန် စစ်ဖို့မလိုဘူး ..."
ယင်းကျောင်းက သူရဲ့ အပေါ်နှုတ်ခမ်းကို လျှာဖြင့်အသာယပ်လိုက်ကာ အရှက်မရှိ ပြောလိုက်သည်။
" ကိုယ်စစ်မကြည့်ရင် ကိုယ်ဘယ်လိုလုပ် သိမှာလဲ"
သူက ခဏရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။
" ကိုယ့်ကောင်လေးက ကိုယ့်ကို မတုံ့ပြန်ဘူးဆိုတာ အရေးကြီးတဲ့ ကိစ္စပဲ"
ကျင်းစစ်က မျက်လုံးများကို အောက်ချလိုက်သည်။ သူက အမှောင်ထဲတွင် ယင်းကျောင်းရဲ့ မျက်နှာကို ရှင်းလင်းစွာ မမြင်နိုင်သော်လည်း သူရှက်နေတုန်းပင် ဖြစ်လေသည်။ သူ့လက်သီးကို ဆုတ်လိုက်ပြီး ရှက်ရွံ့မှုကို ထိန်းချုပ်ကာ တီးတိုးပြောလိုက်သည်။
" အင်း "
"ဘာဖြစ်တယ်"
ယင်းကျောင်းက ယုတ်မာစွာ ပြုံးလိုက်ပြီး " မင်းဘာပြောလိုက်တယ် ကိုယ်သေချာမကြားရဘူး အဲ့ဒါက တုံ့ပြန်လား မတုံ့ပြန်တာလား"
YOU ARE READING
[COMPLETED]ကျောင်းမြက်လေးရဲ့ရည်းစားဟောင်းအဖြစ် (ဘာသာပြန်)
RandomTranslation novel Unicode only Zawgyi users များ Tele channel မှာ pdf file ဖတ်လို့ရပါတယ်ရှင်