Chapter 112
October 01, 2023
Chapter 112ပါးလွှာသော သစ်သားတံခါးသည် အထဲမှ ဆွဲဖွင့်ခံလိုက်ရလေသည်။ ကျင်းစစ် မတုံ့ပြန်နိုင်သေးခင် နောက်တစ်စက္ကန့်တွင် ရုတ်တရက် လူတစ်ကိုယ်လုံး အတန်းထဲသို့ အဆွဲခံလိုက်ရလေသည်။
"ကိုယ့်ကို တမင်တကာ စတယ်ပေါ့လေ..."
သူသည် နံရံကို လက်တစ်ဖက်ဖြင့် ထောက်လိုက်ပြီး ကျင်းစစ်ကို တံခါးပေါ်တွင် ဖိထားကာ ပူပြင်းတောက်လောင်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေလေသည်။
ကျင်းစစ်က သူ၏ ခံစားချက်များကို ထိုကဲ့သော ဆွဲဆောင်ဖျားယောင်းသော နည်းလမ်းဖြင့် ဖော်ပြခဲ့သည်။
ယင်းကျောင်း မတတ်နိုင်ဘဲ စိတ်ထဲတွင် ဆဲရေးလိုက်လေသည်။ ဘယ်သူက တောင့်ခံနိုင်ပါ့မလဲ...
"မဟုတ်ပါဘူး" သူ၏ မီးတောက်နေသော အကြည့်များကို တွေ့သောအခါ ကျင်းစစ် အခွံခွာခံနေရသော အသီးလိုမျိုး ဖြစ်ကာ အကြည့်လွှဲလိုက်လေသည်။ သူ၏ ပါးပြင်များသည် နီရဲနေပြီး တိုးတိုးလေး ပြောလိုက်လေသည် " ငါက... မင်းကို လွမ်းလို့ပါ"
သူတို့နှစ်ယောက် အရင်က အတူရှိနေခဲ့စဥ်တွင် သူတို့သည် ဖက်၍တစ်ဖုံ နမ်း၍ တစ်ဖုံ ပြုလုပ်ခဲ့ကြလေသည်။ ကျင်းစစ်သည် ၎င်းကို ကြိုက်နှစ်သက်သော်လည်း သူသည် ၎င်းတို့မရှိဘဲ မဖြစ်နိုင်ဟု မတွေးခဲ့ပေ။ သို့သော် ယင်းကျောင်းကို ထိတွေ့၍ မရချိန်တွင် သူ ယင်းကျောင်းထံမှ အထိအတွေ့ကို မည်မျှ မျှော်လင့်နေကြောင်း နားလည်သွားလေသည်။
သူ့တွင် တခြားအတွေးမရှိပေ။ သူ ယင်းကျောင်းနှင့် ပို၍ နီးနီးကပ်ကပ် နေချင်သည်။ မှန်ခြားနေသည်ဆိုလျှင်တောင်မရပေ။
ကျင်းစစ်၏ အကျင့်စရိုက်ကို နားလည်နေသောအခါ ယင်းကျောင်း၏ နှလုံးသားလေး နာကျင်သွားလေသည်။ ကျင်းစစ် လက်ဦးမှုယူကာ ထိုသို့ပြုလုပ်ရန်အတွက် တော်တော်လေး ကြိုးစားခဲ့ရပေမည်။
သူ ငါ့ကို အရမ်းလွမ်းနေမှာကို စိုးရိမ်မိတယ်
သူ သက်ပြင်းရှိုက်လိုက်ပြီး ကျင်းစစ်အား လက်မောင်းထဲတွင် ပွေ့ဖက်ကာ ကျီစယ်ကာပွတ်သပ်ရင်း နမ်းချင်စိတ်ကို ထိန်းလိုက်ပြီး ပြောလိုက်လေသည်
YOU ARE READING
[COMPLETED]ကျောင်းမြက်လေးရဲ့ရည်းစားဟောင်းအဖြစ် (ဘာသာပြန်)
RandomTranslation novel Unicode only Zawgyi users များ Tele channel မှာ pdf file ဖတ်လို့ရပါတယ်ရှင်