Chapter 67
ကျင်းစစ်သည် ဘယ်တုန်းကမှ ယင်းကျောင်းနှင့် မအိပ်ခဲ့ဖူးချေ။
နောက်ဆုံးတစ်ခေါက် ယင်းကျောင်း၏ အိမ်တွင် သူတို့နှစ်ယောက်သည် တူညီသော ခြုံစေင်တစ်ခုတည်းကို မျှဝေခဲ့ကြခြင်းသာဖြစ်၏။
သို့သော် ဤတစ်ကြိမ်တွင်မူ ကွဲပြားလေသည်။ ယင်းကျောင်းက သူ့ကို သဘောကျတယ်လို့ ပြောပြီးတဲ့နောက် ယခုအခါ အတူအိပ်ချင်နေသည်။ ကျင်းစစ်မှာ မရှင်းပြနိုင်လောက်အောင် ရှက်ရွံ့နေမိသည်။
ပါးပြင်များပူလောင်နေပြီး မျက်လုံးများ အောက်ငုံ့ထားလျက် စိတ်ငြိမ်သွားစေရန် သူကိုယ်သူ တွန်းအားပေးနေရသည်။
“ကျောင်းစည်းကမ်းတွေကို လိုက်နာရမယ်... မင်းအတူအိပ်လို့မရဘူး...”
“ဘာလို့ဒီလောက်ခက်ခဲနေတာလဲ...”
ယင်းကျောင်းက တခစ်ခစ်ရယ်လိုက်ပြီး ကျင်းစစ်၏ လက်ချောင်းများကိုကိုင်ထားကာ ဂရုတစိုက် ဆော့ကစားနေသည်။
“လူအိုကြီးလျိုကို ပြောပြီး မင်းကို ကိုယ့်အခန်းထဲပြောင်းခိုင်းလိုက်ရုံပဲလေ....”
သူ့နှလုံးသားထဲမှ အချစ်များမှာ လျှံကျလုနီးပါးဖြစ်နေသည်။ ကျင်းစစ်ကိုကြည့်လိုက်ရုံဖြင့် ကောင်းကင်ကြီးက ကြည်လင်သွားပြီး စိတ်ညစ်စရာများအားလုံး လွင့်ပြယ်သွားသလို ခံစားရလေ၏။
“ကိုယ့်ရဲ့ချိုမြိန်တဲ့ချစ်ဇနီးလေးနဲ့ အတူတူအိပ်စက်နိုင်ဖို့ကို မပြောနဲ့ဦး... ဒါကအရေးကြီးတဲ့ကိစ္စပဲမလား...”
“မရဘူး...”
ကျင်းစစ်က သူ့လက်ကို ဆွဲထုတ်လိုက်သော်လည်း အဝေးကြီးသို့ ဆွဲထုတ်မသွားဘဲ ဘေးနားသို့ ကပ်ရွှေ့လိုက်သည်။ သူ့စိတ်တစ်ခုလုံးထွေပြားနေပြီး ရှုပ်ထွေးနေသော အမူအရာဖြင့် ပြောလာသည်။
“အိပ်...အိပ်ရာက အရမ်းသေးလွန်းတယ်...”
ယင်းကျောင်းမှာ မထိန်းနိုင်တော့ဘဲ ရယ်လိုက်တော့သည်။
ကျင်းစစ်မှာ သူပြောလိုက်သည့်စကားကို သတိထားမိသွားကာ ခဏတာ ငြိမ်သက်သွားမိသည်။ ထို့နောက် တွင်းတစ်တွင်းထဲသို့ ဝင်ပုန်းရန် မစောင့်နိုင်တော့ပေ။
YOU ARE READING
[COMPLETED]ကျောင်းမြက်လေးရဲ့ရည်းစားဟောင်းအဖြစ် (ဘာသာပြန်)
RandomTranslation novel Unicode only Zawgyi users များ Tele channel မှာ pdf file ဖတ်လို့ရပါတယ်ရှင်