Chapter 44
-----------------------
တစ်ရက်အတွင်း စာမေးပွဲသုံးကြိမ်ဖြေအပြီးတွင် အတော်ဆုံးကျောင်းသားဆယ်ယောက်သည် ဆက်တောင့်မခံနိုင်တော့ပေ။ဆရာကျောက် သည် သူတို့ကိုယ်သူတို့ အရမ်းဖိအားမပေးစေချင်ပေ။ ထိုမှသာ ပြိုင်ပွဲတွင် ဆိုးရွားတဲ့ အခြေအနေနှင့် အဆုံးမသတ်မည်ဖြစ်သည်။ စာတမ်းတွေကို စုပြီးတဲ့နောက် သူအချိန်ကိုကြည့်လိုက်ပြီး သူတို့ကို ကိုယ်ပိုင်စာကြည့်ချိန် ပေးလိုက်ပြီး အခန်းသို့ ပြန်ခိုင်းလိုက်သည်။
အတန်းကို ပြန်သောလမ်းတွင် ကျင်းစစ် သူ့ဖုန်းကို အသံပိတ်ထားသလားဆိုတာ မသေချာသဖြင့် ဖုန်းထုတ်ကြည့်လိုက်ချိန်တွင် ကျင်းဖူကသူ့ကို တစ်ဒါဇင်မက ခေါ်ထားသည်ကို တွေ့လိုက်ရ၏။
သူက ခေတ္တ တိတ်ဆိတ်သွားပြီးနောက် စာသင်ဆောင်၏ လက်ဝဲဘက်ရှိ ပန်းခင်းကြီးဆီသို့ သွားလိုက်သည်။ အထဲတွင် မည်သူမျှမရှိကြောင်းတွေ့သောအခါ သူအဖေကျင်းကိုပြန်ခေါ်လိုက်လေသည်။
ထိုအချိန် ဖုန်းခေါ်ဆိုမှု မချိတ်ဆက်မိချိန်တွင် ကျင်းဖူ အတွေးများနေလေသည်။ ကျင်းစစ်က ရုတ်တရက် စာကြိုးစားပြီး ယခုအဆင့်ရောက်လာခြင်းကို သူဂရုမစိုက်ပေ။ သူ့အတွက် ကျင်းစစ်၏ စာမေးပွဲရလဒ်ကသာ အရေးကြီးသည်။
မစ္စတာလျို ပြောသလိုပင် ကျင်းစစ်ရမှတ်များသည် အမှန်ဖြစ်လျှင် ကောလိပ် ဝင်ခွင့်စာမေးပွဲသည် သူ့အတွက်မခက်ခဲပေ။
ထိုရလဒ်တွေထွက်လာချိန်တွင် သူ စားသောက်ပွဲတွေကို ပြင်ဆင်လိုက်ပြီး ဆွေမျိုး မိတ်ဆွေ အပေါင်းအသင်းတွေကို ဖိတ်လိုက်ပြီး ထိုအကြောင်းကြွားလို့ရပြီဖြစ်သည်။
အဖေကျင်းက ကျင်းစစ်နှင့် ကောင်းကောင်းမွန်မွန်စကားပြောဖို့ ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။ သို့ပေမဲ့ သူ၏ကျင်းစစ်အပေါ် သဘောထားသည် ညတွင်းချင်းမပြောင်းလဲနိုင်ပေ။ ဖုန်းချိတ်ဆက်မိသောအခါ သူ့၏ဒေါသထွက်နေသော စကားတို့ကို ပါးစပ်အပြည့်ပြောလိုက်သည်။
" မင်းဘာလို့ ငါဖုန်းခေါ်တာကို ချက်ချင်း မကိုင်တာလဲ ငါမင်းကို ဘယ်လောက်တောင် ခေါ်လိုက်ရလဲ တွေ့လား?"
YOU ARE READING
[COMPLETED]ကျောင်းမြက်လေးရဲ့ရည်းစားဟောင်းအဖြစ် (ဘာသာပြန်)
RandomTranslation novel Unicode only Zawgyi users များ Tele channel မှာ pdf file ဖတ်လို့ရပါတယ်ရှင်