intro

7.7K 389 71
                                    

ကင်မ်ဆော့ဂျင်က အပျော်မယ်မျိုးရိုးက
ဆင်းသက်လာတဲ့ နိမ့်ကျတဲ့သူတစ်ယောက် ဖြစ်သည်။
သူ့မှာ အဒေါ်နှင့် ညီမတစ်ယောက်ရှိပြီး
သူတို့မှာ မျိုးရိုးအစဉ်အဆက်က လုပ်ကိုင်ခဲ့တဲ့ အပျော်မယ်ဂေဟာတစ်ခုလည်း ရှိတယ်။

တစ်နေ့ သူတို့ပိုင်တဲ့ ဂေဟာမြေက
နိုင်ငံတော်ပိုင်စာရင်းဝင်အဖြစ် အသိပေးစာ
ကျလာတဲ့အခါ သူတို့ပိုင်တဲ့ဂေဟာနဲ့
ဂေဟာမှာရှိတဲ့ မိသားစုဝင်တွေရဲ့
အနာဂတ်အတွက် သူဟာ သူတို့မြို့ရဲ့
အရေးပါဆုံးအရာရှိဖြစ်တဲ့ ဝန်ကြီးချုပ်ဆီ ချဉ်းကပ်ဖို့ဖြစ်လာခဲ့တယ်။

ဝန်ကြီးချုပ်ဂျွန်က ရိုးသားပြီး
အကြင်နာတရားကြီးမားတဲ့ သူတစ်ယောက်ဖြစ်၍
သူလွယ်လွယ်ကူကူပဲ ချဉ်းကပ်နိုင်ခဲ့တယ်
သူ့လို နိမ့်ကျတဲ့ အပျော်မယ်မျိုးရိုးက
ယောကျာ်းတစ်ယောက်က ဝန်ကြီးချုပ်ရဲ့
ဇနီးလောင်းနေရာထိ ရောက်လာနိုင်ခဲ့သည်။
ဝန်ကြီးချုပ်ရဲ့ အမှီအခိုဖြင့် ဂေဟာအတွက်
မြေကို သူ့အပိုင်အဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး
သူ့ရဲ့တခြားရည်ရွယ်ချက်တွေပါ
အကောင်အထည်ဖော်နိုင်ဖို့ လမ်းစရလာခဲ့သည်။

သူ့လို နိမ့်ကျတဲ့မျိုးရိုးက ဆင်းသက်လာသူက
ဝန်ကြီးချုပ်အရှိန်အဝါနဲ့ အဆင့်အတန်းမြင့် ဂုဏ်ရှိန်လွှာအသိုင်းအဝိုင်းထဲ
ထိုးဖောက်ဝင်ဖို့ ကြိုးစားနေရင်း
ဝန်ကြီးချုပ်ကွယ်လွန်သွားလေသောအခါ
ကင်မ်ဆော့ဂျင်အတွက် အခွင့်အလမ်း၊
အာဏာသက်ရောက်မှုနဲ့ အမွေပိုင်ဆိုင်ခွင့်
အခွင့်အရေးတွေပါ ဆုံးရှုံးဖို့ ဖြစ်လာခဲ့သည်။
အိမ်တော်ရဲ့အမွေဆက်ခံခွင့်၊ အာဏာနဲ့
အကျိုးသက်ရောက်မှုတွေက အလိုအလျောက်
ဝန်ကြီးချုပ်ညီလက်ထဲ ရောက်လာပြီး
ဝန်ကြီးချုပ်ညီက အိမ်တော်တွင်
အာဏာအရှိဆုံးလူ ဖြစ်လာတဲ့အခါ..

ဝန်ကြီးချုပ်ရဲ့ ညီဖြစ်သူက အိမ်တော်ရဲ့
အမွေကိစ္စ၊အခွင့်အလမ်းအာဏာတွေကို
ဘယ်လိုအသုံးချသွားမလဲ
ကင်မ်ဆော့ဂျင်တစ်ယောက် အိမ်တော်ရဲ့
နောက်ထပ်အာဏာရှိလာမဲ့ ပိုင်ရှင်အသစ်ကို
ချဉ်းကပ်မလား ဒါမှမဟုတ် သူ့ကိုယ်နဲ့
အရင်းတည်ပြီး ကြိုးစားခဲ့ရတဲ့ ရည်ရွယ်ချက်ကို
ဆုံးရှုံးခံမလားဆိုတာ ..

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now