ep7

2.2K 283 33
                                    

မနက်ရောက်တော့ သူနိုးနေကြအချိန်အတိုင်း
ထဖြစ်သည်။  စက်ရုံသွားဖို့ မရှိပေမဲ့
သူ့ထချိန်တွေက ပုံမှန်ဖြစ်နေပြီ။ သူမနက်ခင်း
လုပ်နေကြအတိုင်း ရေချိုးအဝတ်အစားလဲ
ပြင်ဆင်ဖြီးလိမ်းပြီးတော့ မနက်စာစားရန်
အောက်ထပ်သို့ ဆင်းလာခဲ့သည်။ အောက်ထပ်
မဆင်းခင် ဂျွန်ဂျောင်ဂုအခန်းဘက်
သူ‌လှမ်းကြည့်မိသေးသည်။ ထပြီလားမပြောတတ်။
မနေ့က သူအလုပ်အခန်းထဲမှာပဲ ရှိနေ၍
ထိုသူနှင့်ထပ်ပြီး မဆုံဖြစ်တော့။
ဒန်ပြောချက်အရတော့ ပါတီတက်
သွားပြီး ညဉ့်နက်မှ ပြန်လာပုံပါပဲ..
ဘာပဲဖြစ်ဖြစ် ဧည့်သည်မှမဟုတ်တာ
သူကအိမ်ရှင်ပဲ ပြီးတော့ မစ္စမာရင်းတို့သားအမိက
မျက်စိဒေါက်ထောက်ကြည့်ပြီး ကူညီပေးနေတာပဲ
သူလိုအပ်တာ ရှိမယ်မထင်ပါဘူး။ ရှိရင်လည်း
သူလိုအပ်တာကို အချိန်မရွေး ခိုင်းစေလို့ရနေတာပဲ..

သူအောက်ထပ်ဆင်းလာတော့ ရယ်သံတွေ
စတင်ကြားရသည်။ စားဖိုဆောင်ထဲက လာတာဖြစ်ပြီး
သူမသွားခင် ဦးလေးမင်နဲ့ လိုအပ်တာတွေ
မှာကြားရင်း စကားခဏရပ်ပြောနေရသည်။
တခြားတော့မဟုတ် အိမ်တော်ရဲ့ ရိက္ခာနဲ့
လိုအပ်တာတွေ စုဆောင်းထားဖို့ပင်။ ပြီးတော့
ဝန်ကြီးချုပ်ရှိစဉ်က အရက်ဗီရိုကို ရှင်းလင်းပြီး
လိုအပ်တာတွေ ဖြည့်ဆည်းထားခိုင်းလိုက်သည်။
ထိုနေရာက ဂျွန်ဂျောင်ဂုရောက်လာမှပင်
အသက်ဝင်လာတော့မည်။

သူမှာကြားပြီးတော့ စားဖိုဆောင်ဘက်
ထွက်လာခဲ့သည်။ စားဖိုဆောင်ထဲ သူဝင်လာတော့
စကားပြောလက်စတွေ ရပ်သွားပြီး သူ့ဘက်
လှည့်ကြည့်လာကြသည်။ သူကတော့
ပြန်ကြည့်မနေတော့ဘဲ စားဖိုဆောင်ဦးစီးဆီ
တိုက်ရိုက်သွားပြီး လိုအပ်တာတွေ
မှာကြားလိုက်သည်။ ပြီးမှ သူ စားပွဲရှိရာ
ပြန်လာခဲ့ပြီး မနက်စာစားဖို့ပြင်လိုက်သည်။
သူဘယ်သူ့ကိုမှ ထွေထွေထူးထူး နှုတ်ဆက်မနေဘဲ
စားစရာရှိတာစားပြီး အလုပ်ခန်းသွားထိုင်ဖို့ ပြင်လိုက်သည်။
ဒီနေ့မှထူးထူးဆန်းဆန်း မစ္စမာရင်းတို့သားအမိက
စောစောထနေပြီး ဂျွန်အယ်ရိုပါ နိုးနေသည်။
ဂျွန်ဂျောင်ဂုကိုတော့ အစောကြီးနိုးနေမည်
မထင်မှတ်ထား.. ကြည့်ရတာ စစ်တပ်က
အလေ့အကျင့် ပါလာတာဖြစ်မည်။

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now