ep12

2.3K 298 52
                                    

သူအောက်ပိုင်းကို ခဏမျှစိုက်ကြည့်ပြီး
လက်တွေက ခါးပတ်ခေါင်းဆီရောက်
သွားလိုက်သည်။ ခါးပတ်ခေါင်းကို ကျွမ်းကျင်စွာပဲ
ဖြုတ်ချလိုက်ပြီး နောက်တစ်ဆင့်အနေနဲ့
ဇစ်ဖြုတ်ကာ အတွင်းမြင်ကွင်းကို လစ်ဟ
လိုက်သည်။ အထဲတွင် ထိုအရာက အတွင်းခံ
ပေါ်ကနေတောင် အထင်းသားမြင်နေရသည်။
ဂျွန်ဂျောင်ဂုရဲ့ မိန်းမတွေဆီက သတင်းတွေအရ
သူ့မှာ စံချိန်မီလောက်တဲ့ပစ္စည်းမျိုး ပိုင်ဆိုင်
ထားသည်တဲ့။ ထိုအရာက ပြီးမြှောက်ဖို့လည်း
ကြန့်ကြာတတ်သည်တဲ့။ သူဂျွန်ဂျောင်ဂု
အကြောင်းတွေစုံစမ်းတုန်းက ထိုအရာတွေ
အရင်ဆုံးသိလိုက်ရလို့ အသုံးမဝင်တဲ့အကြောင်း
အရာတွေဆိုပြီး ဒေါသထွက်ခဲ့ဖူးသေးတယ်။
အခုလို အသုံးဝင်နေမယ်လို့ မထင်ခဲ့မိဖူးဘဲ..

" မရီးက တွန့်ဆုတ်နေသလိုပဲ
ဘာလဲကျုပ်သင်ပေးဖို့ လိုသေးလို့လား "

" မဟုတ်ဘူး! မင်းငါ့ကိုဒီလိုနေရာ
ခေါ်လာစရာလား! ဒီမှာကြည့်.. "

သူဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။
ဒါက လယ်ယာကွင်းကြီးမလို့ လူသူမရှိပေမဲ့
မြေကြီးပေါ်မှာ ဖြစ်ချင်တိုင်းဖြစ် လုပ်ရမှာက
အရမ်း‌ဖြစ်ကတတ်ဆန်းဖြစ်လွန်းနေသည်။
သူအောက်မှာတစ်စက်လေးတောင် မထိုင်ချင်။
သူ့လက်တွေကိုလည်း မြေကြီးပေါ်မချချင်..

" မရီးက ညစ်ပတ်တယ်ထင်ရင်
ကျုပ်ပေါ်တက်ထိုင်လေ.. "

ဂျွန်ဂျောင်ဂုက ဇိမ်ကျကျပင် မြေပြင်ပေါ်
ကော်ဇောခင်းထားသလို ထိုင်ချထားသည်။
သူက သူတွန့်ဆုတ်နေပုံကိုကြည့်ပြီး
သူ့ကို သူ့ပေါင်ပေါ်ထိုင်ဖို့ အကဲစမ်းခေါ်သည်။
ဆော့ဂျင်သူ့ကိုပြန်မပြောတော့ဘဲ
သူ့ခြေထောက်တွေဆင်းထားတဲ့အပေါ်
ခွထိုင်လိုက်ပြီး သူအဆင်ပြေမပြေကို
ဘေးတစ်ဖက်တစ်ချပ်စီကို ကြည့်လိုက်သည်။
ထိုအခါတွင်တော့ သူ့ဒူးနေရာအနည်းငယ်သာ
မြေကြီးနဲ့ထိတော့ပြီး အဆင်ပြေသွားသည်။
သူမြေကြီးနဲ့ထိမထိ စစ်ဆေးနေ‌တုန်း
သူခန္ဓာကိုယ်ကို ဂျွန်ဂျောင်ဂုက
သူ့နားဆွဲယူစေတော့ သူ့ကိုယ်လေးယိုင်ပြီး
ဂျွန်ဂျောင်ဂုနဲ့ နီးကပ်သွားရသည်။

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now