ep47

2.1K 318 82
                                    

အချိန်အားဖြင့် ရှစ်နာရီကျော်လာပြီ။
ဆော့ဂျင်ဟိုလှည့်ဒီလှည့်ဖြင့် အိပ်လို့မပျော်နိုင်။
ဘယ်လိုလုပ်အိပ်ပျော်နိုင်အုံးမလဲ ဂျွန်ဂျောင်ဂု
အခုထိ ပြန်မရောက်လာသေးဘူး။
သူပြန်လာရင်ရော တစ်ယောက်တည်း
ပြန်လာပါ့မလားဆိုတဲ့စိတ်နဲ့
ဆော့ဂျင်အိပ်မရဖြစ်နေသည်။ သူက
သူ့စကားအတိုင်း လုပ်လိမ့်မယ်ဆိုတာ ဆော့ဂျင်သိနေသည်။ သူဘယ်အချိန် ဘယ်လိုပြန်လာမလဲဆိုတာသာ
ဆော့ဂျင်ရင်တမမနဲ့ စောင့်နေရသည်။

သူတို့သွေးအေးစစ်ပွဲက တစ်ပတ်ကျော်လာခဲ့သည်။
ဆော့ဂျင်တစ်ရက်မှ စိတ်အေးရတယ်ဆိုတာ မရှိ။
အချိန်တစ်ပတ်လောက်အတွင်းကို သူက
သူ့မိန်းကလေးတွေကို အိမ်တော်ခေါ်လာခဲ့
ပြီးပြီ၊ သူတို့နဲ့ညစာအတူစားခဲ့ပြီးပြီ၊
ဧည့်သည်တွေကို ဖိတ်ခေါ်လေ့မရှိတဲ့
သူတို့အပေါ်ထပ်ကိုပါ ခေါ်လာပြီး သူကြိုက်သလိုလုပ်ခဲ့ပြီးပြီ။
သူထပ်ပြီး ဘာများလုပ်ချင်သေးသလဲ
သူ့အိပ်ရာပေါ်တင်ဖို့ပဲ ကျန်တော့တယ်။

ဆော့ဂျင်ထိုသို့အတွေးဝင်မိသွားတော့
အိပ်ရာပေါ်က ထထိုင်လိုက်မိသည်။
သူသာ အဲလိုတကယ်လုပ်မယ်ဆိုရင် သေမယ်! သူမသတ်ရဲဘူးများထင်နေလား
သူတွေးမိရုံနဲ့တင် ဒေါသထွက်ချင်နေပြီ။
သူဆော့ဂျင်ကို တမင်ရွဲ့ပြီး
လုပ်နေတယ်ဆိုရင်တောင်
တချို့ဟာတွေက သူသည်းခံနိုင်တာထက်
ကျော်လွန်နေပြီ။ သူမနည်းသည်းခံပြီး
ဒီရက်တွေကို ဖြတ်သန်းနေရတာ
သူသာမိန်းမတွေခေါ်လာပြီး အိပ်ခန်းထဲ
ခေါ်သွင်းချင်နေတယ်ဆိုရင်တော့
သူနှစ်ယောက်စလုံးကိုသတ်ပြီး
မြေမြှုပ်ပေးလိုက်မယ် တော်ရုံပဲအရွဲ့တိုက်!

ဆော့ဂျင်စိတ်တွေက စိုးရိမ်စိတ်ကနေ
ဒေါသအဖြစ်ပြောင်းလဲသွားပြီး
သူ့လက်ဆစ်တွေကိုတောင် ချိုးချင်သွားသည်။
ဂျွန်ဂျောင်ဂု တကယ်အဲလိုလာလုပ်ရင်
သူတကယ်သည်းမခံနိုင်တော့ဘူး။
သူအရွဲ့တိုက်သမျှကို ကြည့်ကောင်းလို့
ကြည့်နေတယ်များထင်နေတာလား
ဒီလိုမျိုး သူတစ်ယောက်ပဲလုပ်တတ်တယ်များ
ထင်နေလား..

ဆော့ဂျင် တွေးလေ ဒေါသထွက်လေမလို့
ဖန်ခွက်နဲ့ရေနှစ်ခွက် ဆင့်သောက်လိုက်သည်။
အချိန်အနည်းငယ်ကြာသွားပြန်တော့
သူ့ဒေါသတွေ အနည်ထိုင်သွားကာ
သူလည်း ပြန်အိပ်ဖို့ပြင်လိုက်သည်။
သူအိပ်ရာပေါ်လှဲရုံရှိသေး ကားဝင်လာသံ
ကြားလိုက်ရသည်။ ကားသံကြောင့်
သူဆတ်ခနဲပင် ထထိုင်လိုက်သည်။
သူအောက်ထပ်ကိုတော့ ဆင်းသွားချင်စိတ်
မရှိဘူး။ ဂျွန်ဂျောင်ဂုက သူ့ကိုမြင်လျှင်
ပိုလို့အရွဲ့တိုက်ပြီး နေပြနေမှာသိတာကြောင့်
သူသာ အပေါ်ကောင်းကောင်းရောက်လာပြီး
အိပ်ရာထဲအေးဆေးရောက်သွားလျှင်
သူအပြင်ထွက်စရာမလိုတော့ဘူး။

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now