ep27

2.1K 297 33
                                    

" အစ်ကို နေလို့ကောင်းသွားပြီလား "

" အင်း.. စက်ရုံအခြေအနေတွေရော
အားလုံးကောင်းတယ်မလား "

" ကောင်းတယ်အစ်ကို ဘာမှထွေထွေထူးထူး
မရှိပါဘူး အစ်ကိုနားချင်သေးတယ်ဆိုရင်
နားပါ အာလုံးအဆင်ပြေတယ်အစ်ကို "

" အင်း ဒီနေ့တော့ သက်သာနေပါပြီ
စိတ်ပူ‌သွားတယ်မလား "

သူမေးရင်း ဒန့်ကိုကြည့်လိုက်တော့ ဒန်က
စိုးရိမ်မှုအထင်းသားနဲ့ ဂရုတစိုက်ကြည့်နေသည်။
သူဖျားနေခဲ့တာ နှစ်ရက်ရှိပြီ။ နှစ်ရက်လုံးလည်း
အခန်းထဲကအပြင်မထွက်သလို ဘယ်သူနဲ့မှ
အတွေ့မခံခဲ့။ သူဘယ်သူနဲ့မှမတွေ့ချင်ဘူးလို့
မှာထားခဲ့၍ သူ့အခန်းထဲ ဂျယ်နီပင် ဝင်ခွင့်မရခဲ့။
လူနေမကောင်းတာထက် စိတ်အခြေအနေက
ဆိုးဆိုးရွားရွားခံစားနေရတာမလို့ သူ့အခြေအနေနဲ့
ဘယ်သူနဲ့မှမတွေ့ချင်ခဲ့။ အချိန်ကို အကျိုးရှိရှိ
အသုံးချပြီး ကောင်းကောင်းနားခဲ့ရ၍
စိတ်ရော လူရောက တော်တော်လေး
ထူထောင်ကောင်းမွန်လာပြီး ပုံမှန်ပြန်ဖြစ်
သွားခဲ့ပြီမလို့ ဒီနေ့မှာတော့ စက်ရုံလည်း
သွားဖို့ရာ အသင့်ဖြစ်နေခဲ့သည်။

သူပြင်ဆင်ဖြီးလိမ်းပြီးတော့ မနက်စာစားဖို့
မီးဖိုချောင်ဘက် ထွက်လာခဲ့သည်။ အချိန်က
အနည်းငယ်နောက်ကျနေပြီမလို့ အိမ်တော်တွင်
တခြားသူတွေတော့ မမြင်ရတော့။ မနက်စာကို
သူနှင့်ဒန်သာ တိတ်ဆိတ်စွာစားနေကြသည်။
ဒန်ကတော့ သူ့ကိုတကြည့်ကြည့်နဲ့ အကဲခတ်ရင်း
ရှိနေသည်။ ဒန်သူ့ကို မေးစရာတွေများနေမှာ
သူဘာတွေဖြစ်နေလဲ ဘာတွေဖြစ်ခဲ့လဲ
သိချင်နေမှာပဲ.. ဒါပေမဲ့ သူမှမဖြေချင်တာမလို့ သူမသိချင်ယောင်သာ ဆောင်ထားလိုက်သည်။

မနက်စာစားပြီးသွားကြတော့ စက်ရုံအသစ်
အဆောက်အဦးဘက် အရင်ထွက်လာခဲ့ကြသည်။
ဆောက်လက်စအဆောက်အအုံကြီးကို လှည့်ပတ်
ကြည့်နေခဲ့ရင်း အမြန်ပြီးသွားပြီး လုပ်ငန်းတွေ
စလုပ်နေဖို့ရာ တွေးနေမိသည်။ ပြီးဖို့တောင်
ကြာအုံးမှာကို စတင်လည်ပတ်ဖို့ဆိုတာက
စောလွန်းသေးသည်။ ဘာပဲဖြစ်ဖြစ်
အရာထင်ခဲ့ပြီမလို့ သူလုပ်ခဲ့တာတွေအတွက်
နောင်တရတာမျိုး မရှိပါဘူး။
အရာအားလုံးက လွယ်လွန်းနေတာတော့
ဘယ်ဖြစ်နိုင်ပါ့မလဲ အနည်းနဲ့အများတော့
အခက်အခဲဆိုတာ ရှ်ိတာပဲမလား..
သူ့ရည်ရွယ်ချက်တွေ အထမြှောက်လာနေပြီပဲ
ကျန်တာ ဘာတွေပဲဖြစ်လာလာ ရင်ဆိုင်ရုံပေါ့..

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now