ep23

2.1K 287 43
                                    

" ဆော့ဂျင်နဲ့လည်း မတွေ့ရတာကြာပြီ
စက်ရုံသစ်လည်း စဆောက်နေပြီကြားလို့
တစ်ခေါက်လောက်တွေ့ရအောင်လို့
ရောက်လာခဲ့လိုက်တာ အားလုံးအဆင်ပြေ‌ပြေရှိရဲ့လား
ဆော့ဂျင် "

" အားလုံးအ‌ဆင်ပြေပါတယ် ဦးစီးယွန်
ဦးစီးယွန်ရော နေကောင်းကျန်းမာရဲ့လား "

" ကိုယ်လည်း အားလုံးအဆင်ပြေပြေပါပဲ
နေလည်းကောင်းတယ် ကိုယ်ကစိတ်ပူနေတာ
မကြာသေးခင်ကပဲ စက်ရုံအတွက်
မြေရှာနေရာကနေ တလောကမှ ကြားလိုက်ရတော့ စက်ရုံတောင် ဆောက်နေခဲ့ပြီဆိုတော့ ကိုယ်အံ့အားသင့်မိသွားတယ်
ဒီလောက်ထိမြန်မြန်အဆင်‌ပြေသွားခဲ့လို့လေ
ကိုယ်က ကိုယ့်ဆီရောက်လာခဲ့မလား‌ဆိုပြီး
မျှော်နေခဲ့သေးတာ.. "

" အမြဲတမ်းကျွန်ုပ်အတွက် ကူညီပေးဖို့
အသင့်ရှိနေခဲ့တာကို ကျေးဇူးတင်ပါတယ်
ဦးစီးယွန်နဲ့သိကျွမ်းခဲ့ရတာက ကျွန်ုပ်ဘက်က
အကူအညီတွေချည်းပဲ ယူခဲ့ရသလိုပါပဲ "

" ဆော့ဂျင်အဲလိုမတွေးပါနဲ့ ကိုယ်ကိုယ်တိုင်ကိုက
မင်းအတွက်အကူအညီဖြစ်ဖို့ပဲ မျှော်လင့်တာပါ
အခုလို ‌အဆင်ပြေနေတာမြင်တော့လည်း
ဝမ်းသာဝမ်းနည်းဖြစ်မိတယ် ဝမ်းသာတာက
အဆင်ပြေပြေရှိနေလို့ ဝမ်းနည်းတာက
ကိုယ်ဘာမှအကူအညီမပေးလိုက်ရလို့.. "

" မဟုတ်တာ.. ဦးစီးယွန် ကျွန်ုပ်က
အခုမှ အစပဲရှိပါသေးတယ် နောက်
သေချာပေါက် အကူအညီတွေ လိုအုံးမှာပါ
အဲဒီအခါကျရင် ကူညီပေးဖို့ မျှော်လင့်ပါတယ် "

" စိတ်ချပါ မင်းဘာမှမတွေးဘဲ ကိုယ့်ဆီသာ
ရောက်လာခဲ့ပါ.. ကိုယ်လေ မင်းကို အဲတုန်းက
ကတည်းက မဖြစ်ဖြစ်အောင် ကူညီပေးလိုက်
ရမှာလို့ နောင်တရနေမိတယ် အခုလောက်ဆို
ကိုယ်တို့ဒီထက်ပိုပြီး နီးစပ်ခဲ့နေလောက်ပြီဆိုပြီး
နောင်တရမိတယ် ကိုယ်အဲတုန်းက မင်းကို
တကယ်စိတ်ရင်းနဲ့ ကူညီချင်ခဲ့တာအမှန်ပါ "

" မဟုတ်တာဦးစီးယွန် အရင်တုန်းက
အကြောင်းတွေ ပြန်မတွေးပါနဲ့တော့
အရာအားလုံးက ဖြစ်ပျက်ခဲ့ပြီးသွားပြီပဲ
ပြန်ပြင်ဆင်လို့လည်း ရမှမရတော့တာ
လက်ရှိကိုပဲ တွေးရအောင်ပါ အခုလည်း
အားလုံးအဆင်ပြေနေခဲ့ပြီပဲ.. ဦးစီးယွန်ဆီက
အကူအညီတွေ အများကြီးရလိုက်ပါတယ်
ကျန်တာကတော့ ကျွန်ုပ်ရဲ့ ကံကြမ္မာပဲပေါ့ "

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now