ep19

2.2K 302 43
                                    

" အစ်ကို ဒီမှာ စက်ရုံအတွက်
မူကြမ်းတွေနဲ့ ကုန်ကျစရိတ်အကြမ်းဖျင်းပါ
အားလုံးအဆင့်သင့်ဖြစ်သလောက် ဖြစ်နေပြီ "

" ကုန်ကျစရိတ်အကြမ်းဖျင်းလည်း
ထွက်ပြီးပြီ အဆောက်အအုံမူကြမ်းလည်း
ရပြီးပြီဆိုတော့ ငါတို့ မြန်မြန်ပဲ ရက်သတ်မှတ်ပြီး ဆောက်လုပ်ရေးစသင့်ပြီပေါ့ "

" ဟုတ်တယ်အစ်ကို ကျွန်တော်တို့ရည်ရွယ်ချက်ကြီး
အကောင်အထည်ပေါ်လာဖို့ ဘယ်လောက်မှမလိုတော့ဘူး
ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်ရင်
ဆောက်လုပ်ရေးက စလို့ရပြီအစ်ကို "

" အင်း မြန်မြန်ဆန်ဆန်ပဲ စသင့်တယ်
ဆောက်လုပ်ရေးခေါင်းဆောင်နဲ့ တွေ့ပြီး
ဒီရက်ပိုင်းအတွင်းပဲစမယ်.. "

စက်ရုံအတွက် အဆောက်အအုံဆောက်လုပ်ခွင့်၊
စက်ရုံတည်ထောင်ခွင့်တွေပါ အကုန်ကျလာပြီဖြစ်ပြီး
ယခု သူတို့ဘက်က အဆင်သင့်ဖြစ်ရမဲ့ဟာတွေလည်း
အားလုံးအသင့်ဖြစ်နေပြီမလို့ သူတို့ရည်ရွယ်ချက်ကြီး အစပျိုးလာဖို့ ဘယ်လောက်မှမလိုတော့ဘူး..
ဒီလိုမျိုးဖြစ်လာခဲ့တာကို တွေးမိတော့
သူဂျွန်ဂျောင်ဂုကို ကျေးဇူးတင်သလို ဖြစ်မိသည်။
ဒါက သူ့ကျေးဇူးတွေ အများကြီးပါသည်။
သူသာ သူ့ကိုလိုက်လျောဖို့မရှိရင် သူသည်လည်း
အခုလိုအထမြှောက်ဖို့ လမ်းစရလာအုံးမည် မဟုတ်။ သူတို့အပေးအယူကြောင့် အခုလို ဖြစ်သွားခဲ့ပေမဲ့
ဒီလိုအခွင့်အလမ်းမျိုးကလည်း လွယ်လွယ်ရခဲ့တဲ့
အမျိုးမဟုတ်ဘူး။ ပြောရရင် ဝန်ကြီးချုပ်တုန်းကတောင်
ချဉ်းကပ်ဖို့ အခက်အခဲတွေ အများကြီးရှိခဲ့သေးတယ်။
အခုလိုတွေးမိတော့ သူတကယ်ပဲ ယောကျာ်းတွေ
ကြိုက်တတ်တာလား သူတွေးမိသွားသည်။
သူက သူ့အကြိုက်ပုံစံထဲ ရှိနေတာကိုလည်း
ကျေးဇူးတင်မိသည်။ မဟုတ်ရင် သူဘယ်တော့မှ
ဒီလိုအခွင့်အရေးမျိုး ရလာမည်မထင်ဘူး။
သူ့အနား မိန်းမတွေရွေးလို့မကုန်တဲ့အထဲက
ယောကျာ်းလေးတွေကို စမ်းသပ်ချင်ခဲ့တဲ့
စိတ်ကိုလည်း ကျေးဇူးတင်သင့်သည်။

တစ်စပ်တည်းမှာပဲ သူတွေးမိသွားသည်က
သူတကယ်ပဲ ယောကျာ်းတွေကို ကြိုက်သွားပြီလား
သူအဖြေရှာရသွားပြီလား.. တကယ်လို့
ကြိုက်တယ်ဆိုခဲ့ရင်ရော တခြားယောကျာ်း
တွေနဲ့ အိပ်အုံးမှာလား..  တကယ်လို့ မကြိုက်ဘူး
ဆိုရင်ရော သူနှင့်ဘယ်လိုတွေ ဆက်ဖြစ်အုံးမလဲ..
မိန်းမတွေနဲ့ရော အရင်လိုနေဖြစ်သေးလား..
ထိုအချက်က သူ့ခေါင်းကို ထူပူသွားစေသည်။
သူသာ စိတ်ပြောင်းသွားရင်..

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now