ep46

1.7K 296 52
                                    

ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်ခွင့်ရတဲ့ဘဝက
ဘဝမှာ အပျော်ရွှင်ရဆုံးကိစ္စပဲဆိုလျှင်
လက်ထပ်ပြီးကာမှ သူက ကိုယ်တစ်ယောက်တည်းနဲ့ မပျော်ရွှင်နိုင်ခဲ့ရင်တော့ မပျော်ရွှင်ရတဲ့သူက
ကိုယ်ပဲဖြစ်နေလိမ့်မယ်..

_______________________________

မွေးနေ့ပွဲနေ့က ဖြစ်ပျက်သွားတဲ့
ကိစ္စနှင့်ပတ်သက်ပြီး ဆော့ဂျင်နဲ့သူ
သွေးအေးစစ်ပွဲဖြစ်နေကြသည်။ အရင်ကလို
ရှောင်ဖယ်ပြီး တစ်ယောက်မြင်ကွင်းထဲ
တစ်ယောက် ပေါ်မလာတာမျိုးမဟုတ်ဘဲ
တစ်အိမ်တည်းနေပြီး နေ့စဉ်နဲ့အမျှ တွေ့နေပေမဲ့
တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြောဘဲ
နှစ်ယောက်တည်းသာ နားလည်တဲ့
သွေးအေးစစ်ပွဲ ဆင်နွှဲနေကြသည်။
ဆော့ဂျင်အနေနဲ့ ထိုနေ့ကကိစ္စမှာ သူလွန်ခဲ့တယ်ဆိုရင်တောင်
အလျှော့ပေးလိုက်ဖို့ စိတ်ကူးမရှိတော့ဘူး။
သူတို့တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ
တူကြတယ်၊အပေးအယူမျှကြတယ်ဆိုတာက
အခုလိုအခြေအနေနဲ့ပဲ သင့်တော်မည်။
သူတို့အနေနဲ့ လက်မထပ်ဖြစ်ကြဘူးဆိုလျှင်က
အဆင်ပြေပါသည်။ သူတို့တစ်ယောက်ကို
တစ်ယောက် ချစ်ခင်နှစ်သက်ပြီး
တစ်သက်လုံးအတူနေဖို့ ကတိကဝတ်တွေနဲ့
သစ္စာခံပြီးကြတဲ့အခါမှ ဆော့ဂျင်သူ့အကျင့်တွေ
မပြောင်းလဲပေးနိုင်မှာကြောက်သည်။
ဒါကြောင့် ဆော့ဂျင်သူနဲ့လက်ထပ်ဖို့ကို
ခက်ခက်ခဲခဲနဲ့ ငြင်းစေခဲ့ရသည်။

သူကတော့ သူ့အကျင့်အတိုင်း များများစားစား
မတွေးဘူး။ အလေးအနက်မထားဘူး။
သူတို့အခုအဆင်ပြေနေကြရင် ပြီးတာပဲဆိုတဲ့ သူ့အတွေးတွေကို ဆော့ဂျင်သိသည်။
သူတို့တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ
ရှိပြီးနောက်ပိုင်း သူတခြားမိန်းမတွေနဲ့
အိပ်ရာ‌ပေါ်က ပတ်သက်ဆက်နွယ်မှုတွေ
မရှိတော့တာသိပေမဲ့ သူ့အကျင့်နဲ့
ခံယူချက်တွေ မပြောင်းလဲသေးဘူး။ မိန်းမတွေနဲ့ပတ်သက်ရင် သူက
ဘာခံစားချက်မှမရှိဘဲ အိပ်ရာပေါ်ကကိစ္စတွေ
လုပ်နိုင်တယ်ဆိုတဲ့ သူ့ခံယူချက်က မပြောင်းသေးဘူး။
သူတို့က အခုမှ ခံစားချက်တွေရှိရုံလောက်
အခြေအနေလေးမှာမလို့ သူ့အကျင့်တွေကို
နားလည်ပေးနိုင်ပေမဲ့ ‌ရေရှည်လက်တွဲဖို့ရာမှာတော့
ဆော့ဂျင်သူ့အကျင့်တွေကို လက်ခံပေးနိုင်ဖို့ရာ
မလွယ်ကူဘူးဆိုတာ သူ့ကိုယ်သူသိသည်။
ဆော့ဂျင်သူ့ကို တခြားမိန်းမတွေနဲ့
မျှတူမချစ်ချင်ဘူး။ ကိုယ်ချစ်တဲ့သူကို တခြားမိန်းမတစ်ယောက်နဲ့ အိပ်ရာပေါ်မှာ
သူမြင်ယောင်ကြည့်လို့ပင် မရဘူး။
ဒါကြောင့် ဒီ‌တစ်ခေါက်ကိစ္စမှာ
သူအရှုံးမပေးချင်ဘူး..

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now