ep50

1.7K 314 70
                                    

တစ်နေ့သောသာမန်နေ့လေးတစ်ခုမှာ
စစ်တပ်က ဆက်သွယ်လာတဲ့
ဆက်သွယ်မှုတစ်ခုကြောင့် သူနှလုံးခုန်မမှန်
သည်အထိ ထိတ်ထိတ်လန့်လန့်ဖြစ်ခဲ့ရသည်။
သူတို့က သူ့ကို သတင်းကောင်း၊သတင်းဆိုး
တစ်ခုမှပြောခဲ့တာမဟုတ်ဘဲ ဒီအတိုင်း
စစ်တပ်ကို ရောက်လာပေးဖို့ ဖိတ်ခေါ်ခဲ့တာပဲ။
ဒါပေမဲ့ သူ့နှလုံးခုန်သံတွေ ဆက်တိုက်
လှုပ်ခတ်လို့နေသည်။ ထိုအကြောင်းအရာက
သတင်းဆိုးရော သတင်းကောင်းရော
ဖြစ်နိုင်သည်လေ။ စစ်တပ်က သူ့ကို
ကောင်းသည်ဆိုးသည် တစ်ခုမှမပြောခဲ့ဘဲ
ဒီအတိုင်း ရောက်လာပေးဖို့ပဲ ဖိတ်ခေါ်ခဲ့တယ်။
သူ့နှလုံးခုန်သံတွေ ပေါက်ထွက်မတတ်
တင်းကြပ်ကာ တယ်လီဖုန်းကိုင်ထားတဲ့
သူ့လက်တွေပင် မမြဲနိုင်တော့။ မခိုင်တော့တဲ့
‌သူ့ခြေထောက်ကို ကွေးချလိုက်ဖို့ မစဉ်းစား
နိုင်သေးဘဲ စစ်တပ်သို့ အသော့နှင်တော့သည်။

သူအခုစက်ရုံမှာ ရှိနေခဲ့တာ။
သူအပြေးထွက်လာခဲ့ပြီးမှ လမ်းတွင်
ကားသော့ယူခဲ့ဖို့မေ့ခဲ့ပြီ။ သူ့ကားကို
ဒန်မောင်းနေကြမလို့ ကားသော့က
သူ့လက်ထဲမှာပဲရှိမှာ.. ကားသော့မပါခဲ့တာသိပေမဲ့
ပြေးနေတဲ့ခြေလှမ်းတွေ မရပ်မိ။ အခုချိန်မှာ
ဘာကိစ္စတွေနဲ့မှ ကြီးကျယ်နေပါစေ
သူ့ခြေလှမ်းတွေ နောက်ပြန်လှည့်ဖို့
စဉ်းစားလိမ့်မည်မဟုတ်။ သူ့နောက်က
စက်ရုံတစ်ခုလုံး မီးစွဲနေတာဖြစ်ဖြစ်
သူသွားမဲ့လမ်းမှာ မုန်တိုင်းထန်နေတာပဲဖြစ်ဖြစ်
သူနောက်လှည့်မကြည့်ဘဲ ဆက်သွားမိမယ်ထင်တယ်
လူမှုကူညီရေးကိစ္စတွေလုပ်ဆောင်နေတဲ့
သူ့အတွက် တခြားသူတွေရဲ့အခက်အခဲတွေ
ကိုတောင် မေ့ထားလိုက်နိုင်သည်။ ဒီလူကအရေးကြီးသည်။ သူ့ဘဝထက်
သူ့အသက်ထက်ပင် အရေးကြီးသည်။

ကျွီ..

သူစက်ရုံရှေ့ရောက်သွားတော့ ကားတစ်စီးက
သူ့အနားတွင် အစောတလျင် ဆိုက်ရပ်လာသည်။
ထိုကားက သူ့ရှေ့ဆက်မည့်လမ်းတွင် ပိတ်ရပ်လိုက်သည့်အခါ သူဘေးလမ်းကနေ
ချက်ချင်းကွေ့ပြီး ရှေ့ဆက်လိုက်သည်။

" မဒမ်.. "

ရင်းနှီးနေတဲ့ခေါ်သံကြောင့် သူ့ခြေလှမ်းတွေ
တုံ့နှေးရင်း နောက်လှည့်ကြည့်လိုက်တော့..

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now