ep5

2.4K 289 52
                                    

Warning:

ဤအပိုင်းတွင် အသက်မပြည့်သေးတဲ့သူများ
ဖတ်ရှူရန်မသင့်တော်သည့် အကြောင်းအရာအချို့
ပါဝင်သည်။ ကိုယ်ပိုင်ဉာဏ်နှင့် ချင့်ချိန်ဖတ်ပါရန်။

******************************

" ကျွန်ုပ်ရဲ့ဒုတိယသခင်လေးဂျွန်
နေကောင်းကျန်းမာပါရဲ့လား..
နောက်ကျမှ ဆက်သွယ်မိလို့ မျက်နှာမပြဝံ့ပါဘူး။
ကျွန်ုပ်ဒီစာကို ကျွန်ုပ်နဲ့ ကျွန်ုပ်ရဲ့
ခင်ပွန်းဝန်ကြီးချုပ်ကိုယ်စား
သတိရခြင်းများစွာနဲ့ ရေးသားလိုက်ပါတယ်။
သခင်လေးဂျွန်က ဂျွန်အိမ်တော်ရဲ့
အရှင်သခင်ဖြစ်လာမဲ့သူဆိုတာ
မေ့လျော့နေပါပြီလားလို့
ကျွန်ုပ်မေးစမ်းချင်မိပါတယ်။ သခင်လေးက
သခင်လေးရဲ့နေရာကို မေ့လျော့နေမှာစိုးရလို့
ကျွန်ုပ်အနေနဲ့ သခင်လေးကို သတိရခြင်း
များစွာနဲ့ အမှာတော်ပါးလိုက်ရပါတယ်။
ကျွန်ုပ်တို့အားလုံး သခင်လေးကို
မျှော်လင့်နေကြပါတယ်။ သခင်လေးကို
အိမ်တော်ရဲ့အရှင်သခင်အဖြစ် အားလုံးက
အသိအမှတ်ပြုနေကြပါတယ်။
သခင်လေးသာ အိမ်တော်ကို တစ်ခါမျှပင်လျှင်
ခြေလှမ်းတည်ခဲ့မည်ဆိုပါလျှင်တောင် ကျွန်ုပ်
သခင်လေးအတွက် ဧည့်ဝတ်ကျေပါရစေ။ "

" ပြီးတော့ သခင်လေးအတွက်
သခင်လေးရဲ့အစ်ကိုဖြစ်သူ ဝန်ကြီးချုပ်
ဖြစ်စေချင်ခဲ့တဲ့ ဆန္ဒတစ်ခုကိုလည်း
‌ဝန်ကြီးချုပ်ကိုယ်စား ဖြည့်ဆည်းပေးချင်ပါသေးသည်။
သခင်လေးက အခုဆိုလျှင် ဝန်ကြီးချုပ်မြင်
ချင်ခဲ့တဲ့ အရာရှိလောင်းတစ်ယောက်
ဖြစ်နေပြီမဟုတ်ပါသလား.. အရာရှိတို့ရဲ့
ပြည့်စုံခြင်းမှာ ကြင်ယာဇနီးလောင်းက
မပါမဖြစ်ဆိုတာ ဟုတ်ပါရဲ့လား
သခင်လေးအစ်ကိုရဲ့ နောက်ဆုံးဖြစ်စေချင်ခဲ့တဲ့ဆန္ဒကို
ဝန်ကြီးချုပ်ကိုယ်စား ကျန်ရစ်သူဒီဇနီးသည်ကပဲ
ဖြည့်ဆည်းခွင့်ပြုပါ။ သခင်လေးအတွက်
လိုက်ဖက်မဲ့ကြင်ယာတော် ‌စီစဉ်ပေးပါရစေ။
အဲဒီအတွက် သခင်လေးစိတ်မကွက်ဖို့ မျှော်လင့်ပါတယ်။
သခင်လေးအမြန်စိတ်ဆုံးဖြတ်ချပြီး အိမ်တော်ကို
အရောက်လှမ်းလာဖို့ ကျွန်ုပ်တို့ မျှော်နေပါ့မယ်။ "

ဆော့ဂျင်စိတ်ဆုံးဖြတ်ချပြီး ဖောင်တိန်ကိုချကာ
စာရွက်ကိုခေါက်လိုက်သည်။ သူ့အနေနဲ့
အရမ်းအရှက်မဲ့ရာ ကျလွန်းတယ်လို့
ထင်နေမိပေမဲ့ မတတ်နိုင်။ သူ့မှာဒီတစ်နည်းပဲ
စဉ်းစားမိတော့တယ်။ စစ်တပ်ထဲရှိနေစဉ်က
တစ်ကြိမ်တစ်ခါလေးတောင် သာကြောင်းမာကြောင်း
မပို့ခဲ့တဲ့သူက အခုမှ အဖတ်တွေလုပ်ပြီး
ဖားလျားစာရေးပို့တယ်ဆိုကတည်းက
သေချာပေါက် သူ့ရည်ရွယ်ချက်ကို သိနေမည်ပင်။
မဟုတ်တောင် မစ္စမာရင်းတို့ပေးစာတွေကြောင့်
ကိစ္စအကြမ်းဖျင်းကို သိထားပြီး ဖြစ်နေလောက်ပြီ။
ဒါပေမဲ့ သူ့ကမ်းလှမ်းချက်က ယဉ်ယဉ်ကျေးကျေးပါပဲ
သူနဲ့ ယဉ်ယဉ်ကျေးကျေး အပေးအယူလုပ်ဖို့ပါပဲ..

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now