ep51

1.9K 292 49
                                    

ဂျွန်ဂျောင်ဂုပြန်လာပြီဆိုတဲ့သတင်းက
စစ်တပ်နဲ့အစိုးရပုဂ္ဂိုလ်အကြီးအကဲတွေနဲ့
သူကလွဲရင် လျှို့ဝှက်ထားစဲ။ တစ်ဖက်နိုင်ငံကိုတော့
သူပြန်လာပြီဖြစ်ကြောင်း အထောက်အထားနဲ့အတူ
စစ်ရှုံးပါတဲ့‌ဆိုတဲ့ဝန်ခံကတိနဲ့ စစ်ရှုံးနယ်မြေတွေ
သိမ်းယူဖို့ရာ သတင်းပို့ထားပြီဖြစ်သည်။
အားလုံးညှိနှိုင်းအဆင်ပြေပြီးတော့မှ
သူပြန်ရောက်ကြောင်း အထိတလင်းထုတ်ပြန်
မည်ဖြစ်သည်။ ထိုသတင်းကို သိထားပြီးတဲ့သူက
စစ်တပ်မှာသာ ယာယီရှိနေရသည်။ မဟုတ်တောင်
သူက သူ့ကိုပစ်ထားပြီးတော့ ပြန်နိုင်မည်မဟုတ်။

သူသူ့ကိုမြင်စက သူအသက်ရှင်လျက်ရှိနေတာ
ကိုယ်တိုင်မြင်တွေ့လိုက်ရပြီမလို့ သက်ပြင်း
ချနိုင်ခဲ့ပေမဲ့ စိတ်အေးလက်အေးဖြစ်သွားတဲ့
အခါမှာတော့ သူ့ကိုယ်ပေါ်က နေရာမလပ်
ညိုမဲစွဲနေတဲ့ဒဏ်ရာတွေကိုကြည့်ရင်း
သက်ပြင်းတချချရှိနေရသည်။ သူကတော့
စိတ်မပူဖို့နဲ့ သက်သာကြောင်းပြောနေပေမဲ့လည်း
မြင်နေရတာက ဘယ်လိုမှ စိတ်ချမ်းသာစရာကို
မရှိဘူး။

" ဟင်း.. "

" ထပ်ပြီးသက်ပြင်းတွေချပြန်ပြီလားမရီးရာ
မရီးဒီလိုနဲ့ အသက်တိုတော့မှာပဲ ကျုပ်အဆင်
ပြေတယ်လို့ ပြောနေတာမယုံတာလား "

" ငါ့မျက်စိနဲ့ ကိုယ်တိုင်မြင်နေရတာကို
ယုံစေချင်တာလား မင်းကိုယ်ပေါ်မှာ
ဒဏ်ရာမရတဲ့နေရာဆိုတာ ရှိသေးလို့လား
နား နှာခေါင်း မျက်လုံး ဒီလိုနေရာသေးသေး
တွေကစ လွတ်လို့လား ဟမ် မသေကောင်း
မပျောက်ကောင်းလို့ဘဲ ပြောရမယ်
မင်းအခုလိုပြန်လာနိုင်တာကိုပဲ
ကံကောင်းလှပြီ မင်းကံသီလို့ အသက်ရှင်နေတာ "

" မရီးရာ သေနတ်ကိုင်နေတဲ့ စစ်သားတစ်ယောက်ကို
ကံအကြောင်းပြောတော့ ကျုပ်ကဘယ်လိုလုပ်ပေးရမလဲ
ကံဆိုတာအလုပ်ပဲ ကျုပ်ကအလုပ်ကောင်းကောင်း
လုပ်ပြီး ပြန်လာ‌တာလေ ကျုပ်ကြောင့်ပဲမဟုတ်ဘူးလား
ကျုပ်သာ ကံကိုစောင့်နေရင် အလောင်းတောင်
မြင်ရပါ့မလား "

" မင်းပါးစပ်ပိတ် ထပ်မပြောနဲ့ "

အလောင်းဆိုတဲ့ထိုစကားကြောင့် ဆော့ဂျင်သူ့ကို
ဆက်မပြောစေတော့ဘဲ ပါးစပ်တွေကို လက်ဖြင့်
ပိတ်ကာ တား‌ဆီးလိုက်သည်။ အခုချိန်ထိ
ထိုစကားလုံးတွေက သူ့အတွက် ထိလွယ်ရှလွယ်
ဖြစ်နေတုန်းပဲ..

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now