ep24

1.9K 338 28
                                    

ဒီနေ့က အယ်ရိုတို့ကျောင်းရဲ့ ဘက်စုံထူးချွန်
ပြိုင်ပွဲနေ့ဖြစ်သည်။ ဂျယ်နီကလွဲရင်
ဂျွန်အိမ်တော်က အိမ်သားအားလုံးက
သခင်လေးအယ်ရိုကို အားပေးဖို့အတွက် ကျောင်းတို့ရောက်နေကြသည်။ ဂျယ်နီက
သူနဲ့လည်းမခေါ်သလို ဟိုသားအမိတွေနဲ့လည်း
မတည့်တော့ တမင်မလိုက်တာဖြစ်သည်။
သူလည်း ဂျယ်နီနဲ့ ဘယ်လိုအဆင်ပြေပြေ
နေရမလဲပင် မသိတော့။ သူကခေါ်ရင်တောင်
ဂျယ်နီက လုံးလုံးကြီး သူ့ကိုလျစ်လျှူရှုထားသည်။
သူတို့မောင်နှမမခေါ်ကြတော့ ဘေးလူတွေက
ပိုပျော်ပေါ့.. နောက်ပိုင်းဂျွန်ဂျောင်ဂုကလည်း
ဂျယ်နီထက် ဟယ်လင်နဲ့ပိုတွဲဖြစ်တော့
သူတို့ဆိုတာ အကြိုက်ပေါ့.. ပ,ထုတ်လို့
ရသွားပြီထင်နေမှာပေါ့..

ပြိုင်ပွဲက မြို့တော်ရဲ့ထိပ်တန်းဝင်ကျောင်းပီပီ
လွန်စွာစည်ကားလှသည်။ ကျောင်းသားကျောင်းသူ
များနှင့် မိဘဆွေ‌မျိုးများ စုံညီရောက်ရှိနေကြပြီး
စည်ကားတဲ့ပြိုင်ပွဲတစ်ခု ဖြစ်လာသည်။
ကျောင်းအားကစားပြိုင်ပွဲသာသာပေမဲ့
ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများက
အပြိုင်အဆိုင် ဖြစ်နေကြတာမလို့ ပွဲစဉ်တွေက
ကြည့်ကောင်းလှသည်။ ပြိုင်ပွဲကြားထဲတွင်
အကသီဆိုဖျော်ဖြေမှုတွေပါ ထည့်ပေးထားတော့
ကြားထဲ ပျင်းချိန်ပင်မရှိ။

အယ်ရိုတို့သေနတ်ပစ်ပြိုင်ပွဲက အကြီးမားဆုံး
ပြိုင်ပွဲဖြစ်တာမလို့ နောက်ဆုံးပွဲစဉ်တွင် ထည့်သွင်း
ထားသည်။ ရှေ့က အကြိတ်အနယ်ယှဉ်ပြိုင်
နေကြတဲ့ ပြိုင်ပွဲဝင်တွေကို ကြည့်ပြီး အယ်ရိုက
စိတ်လှုပ်ရှားလို့နေသည်။ ပွဲတွင် မြို့တော်ရဲ့
ဝန်ကြီးချုပ်ပါ တက်ရောက်ပြီး အမှတ်ပေးဒိုင်လူကြီးတွေကလည်း
အရာရှိဗိုလ်တွေဖြစ်သည်။ ဂျွန်ဂျောင်ဂုသည်လည်း
အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခံရပြီး
သူကလည်း အမှတ်ပေးဒိုင်အရာရှိတွေနဲ့
တစ်နေရာတည်း အတူထိုင်ရသည်။

သူက လက်ရှိအမှတ်အမြင့်ဆုံးရထားတဲ့
ထိပ်တန်းဗိုလ်လောင်းဖြစ်ထားတာကြောင့်
ပထမရတဲ့သူကို သူက ဆုချီးမြှင့်ဂုဏ်ပြုပေးရမည်ပင်။ အယ်ရိုက ထိုကြောင့်ပိုစိတ်လှုပ်ရှားနေသည်။
သူသာ တစ်ခုခုချွတ်ချော်ပြီး ပထမဆုနဲ့လွဲခဲ့လျှင်
သူက သူ့ဦးလေးငယ်နဲ့ဆုတက်ယူဖို့ရာ
လွဲချော်တော့မည်ပင်။ ပြီးတော့ သူက
သူ့ဦးလေးငယ်က သူအထင်ကြီးလေးစားရတဲ့သူမလို့
သူ့ဦးလေးငယ်သူ့အတွက်ဆုပေးတာကို
လိုချင်မိသည်။ နောက်ထပ်အနေနဲ့ ဆုမရခဲ့လျှင်
သူ့ဦးလေးငယ်မျက်နှာပျက်မှာကိုလည်း
စိုးရိမ်လို့နေသည်။ ကလေးက
ကျောင်းပြိုင်ပွဲလေးပင်ဖြစ်ပေမဲ့
ဝန်ထုတ်တွေ တနင့်တပိုးထမ်းပိုးထားကာ
စိတ်ဖိစီးမှုဒဏ်ကို ခံနေရသည်။

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now