ep26

2.4K 291 63
                                    

" ဘယ်သူကတိုက်တွန်းတွန်း ဂရုစိုက်ရမှာလား
ဘယ်သူနေနေ ဂရုမစိုက်ဘူး
နေချင်သလိုနေမယ် ‌ရှုပ်ချင်တဲ့သူနဲ့ ရှုပ်မယ်
မနေနိုင်တဲ့သူတွေကတော့ ဆင်းသွားပေါ့ "

" မင်း မင်း ငါတို့ကို မောင်းချရဲတယ်
ဆင်းရမဲ့သူကနင် နင်သာ မျိုးရိုးနိမ့်ကကောင်
အရှက်မရှိတဲ့အောက်တန်းစားကောင် "

ဆော့ဂျင် မစ္စမာရင်းတို့ရဲ့ အရည်မရ အဖတ်မရ ကျိန်ဆဲနေတာတွေကို လျစ်လျှူရှုခဲ့ပြီး
အပေါ်ထပ်သို့ တက်လာခဲ့သည်။
သူအနိုင်ပိုင်းပြီးပြောလာခဲ့ပေမဲ့ ဒေါသတွေက
ထွက်နေတုန်းပဲ! ဂျွန်ဂျောင်ဂုက သူ့ကို
လက်ထပ်ဖို့ တိုက်တွန်းတယ်ဆိုပဲ ဟမ်း..
ဒါက နောက်အစီအစဉ်တစ်မျိုးလား
ဒါမှမဟုတ် မစ္စမာရင်းနဲ့သူ့ကြား
တမင်စကားများရအောင် မီးမွေးပေးနေတာလား..
ဒီရက်ပိုင်း ငြိမ်နေလို့မေ့သွားတာပဲ
မြွေပွေးလိုကောင်! မြွေပွေးလိုကောင်.. သူအဲလိုမခေါ်တာတောင် ကြာသွားပြီပဲ
ဒီရက်ပိုင်း သူ့ကိုအကောင်းမြင်နေတာ
များသွားလို့ဖြစ်မယ် အကျင့်ဆိုးတွေ ပြန်ပေါ်လာတာ
တွေးကြည့်မှ ဒီရက်ပိုင်း သူတကယ်ပဲ သူက
မြွေပွေးလိုလူဆိုတာ မေ့နေခဲ့တာ .. ကြည့်ရတာ
သူ့အပေါ်လိုက်လျောပေးတာတွေများလို့
သူအကောင်းမြင်မိသွားတာဖြစ်မယ်
မြွေပွေးလိုကောင်က မြွေပွေးလိုကောင်ပဲ!

သူအပေါ်ထပ်တက်လာခဲ့တော့ သူနဲ့ဆန့်ကျင်ဘက်
နေရာမှ လျှောက်လာတဲ့ မြွေပွေးလိုကောင်နှင့်
ဆုံသည်။ သူက ကျောင်းပြိုင်ပွဲမှာတုန်းကလို
တင်းမာနေတဲ့မျက်နှာထားမျိုးမဟုတ်တော့။
အယ်ရိုကိစ္စနဲ့သူတို့ စကားအချေအတင်
ဖြစ်နေတုန်းကပုံနှင့် ဆန့်ကျင်စွာ အားရကျေနပ်နေတဲ့မျက်နှာထားက
သူနှင့်မစ္စမာရင်းတို့သားအမိနဲ့ ရန်တိုက်ပေးတာ
အောင်မြင်လို့ ပျော်နေပုံပါပဲ။ သူ့ကို ဘာမှမဖြစ်
ထားသလို ရယ်ရယ်မောမော နှုတ်ဆက်နေတဲ့
မျက်နှာထားကို သူဒေါသထွက်စွာ အကြည့်လွဲ
လိုက်ပြီး မမြင်သလို ကျော်တက်သွားလိုက်သည်။

" မရီး "

သူကျော်တက်သွားကာမှ သူ့လက်ကိုဆွဲကာ
နောက်ပြန်လှည့်စေတော့ သူဒေါသထွက်စွာ
ကြည့်လိုက်သည်။ ထိုအခါ ဘာမှမသိသလို
မျက်နှာပေးနဲ့ သူ့ကိုပြန်ကြည့်နေသည်။

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now