ep40

2.1K 291 46
                                    

တစ်ညလုံး‌ဆိုတဲ့စကားအတိုင်း
အချိန်တွေက နောက်မနက်ထိပါ
ကူးလူးပြီး ခန္ဓာကိုယ်နှီးနှောခြင်းကို
မရပ်တန့်နိုင်ခဲ့။ ဆေးအရှိန်ကြောင့်
သူ့ဆန္ဒတွေမရပ်တန့်နိုင်ခဲ့တာဆိုလျှင်တောင်
ဆော့ဂျင်ကတော့ သူ့အထိအတွေ့တွေကို
မလွန်ဆန်နိုင်တာပင်.. ခန္ဓာကိုယ်နှစ်ခုက
ထိတွေ့လိုက်သည်နှင့် အံ့ဩဖွယ်ကောင်းလောက်အောင်
တောက်လောင်လာတော့ကာ အထိအတွေ့
တစ်ခုကနေစပြီး ရှည်လျားတဲ့ ဆက်နွယ်မှုတွေဖြင့်
မိုးစင်စင် လင်းခဲ့ကြရသည်။ သူတို့ ဘယ်အချိန်မှ
ရပ်တန့်ခဲ့ကြလဲ မသိခဲ့ရ။ သူပင်ပန်းလွန်းလို့
အိပ်ပျော်သွားခဲ့တာဖြစ်သည်။

သူနိုးလာတော့ သူ့ခန္ဓာကိုယ်တွင်
အားတစ်စက်မှ မကျန်လောက်တော့ဘူးလို့
ထင်မှတ်မိသည်။ သူ့တစ်ကိုယ်လုံးကို
ကြမ်းကြမ်းတမ်းတမ်း ဖက်တွယ်ထားတဲ့
လက်တွေကြားက သူတစ်စက်လေးမှတောင်
မရုန်းနိုင်။ အသံပြုဖို့ရာလည်း
သူ့လည်ချောင်းက ကွဲအက်လို့နေပြီး
အတန်‌ကြာအောင်ထိ ချောက်ကပ်ကပ်
လည်ချောင်းကို တံတွေးဖြင့် စိုစွတ်အောင်
လုပ်ခဲ့ရသည်။

" မင်း ထတော့.. "

ဆော့ဂျင်သူ့လက်တွေကို ပင့်မြှောက်ရင်း
သူ့ရင်ဘတ်ကို အနည်းငယ်အားသုံးပြီး
တွန်းလိုက်သည်။ ကြည့်ရတာ သူ့လုပ်ရက်က
သူ့ကိုယ်ပေါ် ပုရွက်ဆိတ်တက်နေရုံလောက်ပဲ
ထင်စေတယ်။ ဆော့ဂျင်သူ့ခန္ဓာကိုယ်ရဲ့
စေးကပ်တဲ့အထိအတွေ့နဲ့ အနံ့အသက်တွေကြောင့်
သူသန့်စင်ချင်လှပြီ။ သူအခု တော်တော်လေး
ညစ်ပတ်နေသည်ဟု ထင်မှတ်တာကြောင့်
ရေချိုးပစ်ချင်နေပြီ။ သူ့ကိုဖက်တွယ်ထားတဲ့
ကိုယ်လုံးကြီးက နည်းနည်းလေးတောင်
သတိဝင်လာမဲ့ပုံမပေါ်ဘူး။

ဆော့ဂျင်အိပ်မောကျနေတဲ့ ဂျွန်ဂျောင်ဂုကို
မော့ကြည့်လိုက်သည်။ သူက သုံးညလောက်
ဆက်တိုက် မအိပ်ထားရသလို အိပ်မောကျခြင်း
အမှုတွင် လုံးလုံးလျားလျားကြီး ပျော်ဝင်နေသည်။
ဒါပေမဲ့ သူတို့အိပ်နေလို့မဖြစ်သေး အချိန်အားဖြင့်
နေ့လယ်ဘက်ကူးတော့မည်။ အပြင်ဘက်မှာလည်း
မနေ့ကဖြစ်ခဲ့တဲ့ကိစ္စတွေက ရှင်းရအုံးမည်။
ဆော့ဂျင်သူ့ကို နှိုးဖို့ ရင်ဘတ်ပေါ်တင်ထားတဲ့
လက်တွေကို ငုံ့ကြည့်လိုက်သည်။ ထိုအခါမှ
သူမြင်သည်။

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now