ep2

2.4K 284 35
                                    

" ဂျွန်သခင်လေး သခင်လေးဂျွန်
နေကောင်းပါရဲ့လား အန်တီမာရင်းရဲ့စာတွေရော
ရရဲ့လား.. မကြာခင် သခင်လေးဂျွန်ရဲ့
စစ်မှုသင်တန်းလည်း ပြီးဆုံးတော့မယ်နော်
ဒုက္ခများသွားရပြီ။ သခင်လေးဂျွန်ကို
အန်တီမာရင်းတို့သားအမိက နေ့စဉ်နဲ့အမျှ
သတိရနေပါတယ်။ စစ်မှုသင်တန်း
ကုန်ဆုံးသွားတဲ့အခါကျရင်လည်း
အန်တီနဲ့ဟယ်လင်က သခင်လေးကို
‌ကြီးကျယ်ခမ်းနားတဲ့ ကြိုဆိုမှုတွေနဲ့
ကြိုဆိုချင်ပါသေးတယ်.. "

" အိမ်တော်က ဂျွန်သခင်ကြီး ဆုံးပါးသွားကတည်းက
ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တာပါ။ ဟိုမျိုးရိုးနိမ့်
ကင်မ်ဆော့ဂျင်က အကုန်လုံးကို စိတ်ကြိုက်
ခြယ်လှယ်နေတာ။ သူက အယ်ရိုလေးကိုပါ
ချုပ်ကိုင်ပြီး ပိုင်ဆိုင်မှုတွေ ယူထားချင်နေတာ
အမွေတွေကိုသုံးပြီး စက်ရုံအသစ်ဖွင့်ဖို့လည်း
စီစဉ်နေပြီ။ ဖြစ်နိုင်ရင် သခင်လေးတားပေးနိုင်မလား
သခင်ကြီးဂျွန်ကလည်း ပိုင်ဆိုင်မှုတွေကို
သခင်လေးဂျွန်နဲ့အယ်ရိုလေးအတွက်ပဲ ထားခဲ့တာပါ။
သူ့အတွက် တစ်ပြားတစ်ချပ်မှတောင်
မပါခဲ့ပါဘူး။ အန်တီက အယ်ရိုလေးအတွက်
စိတ်ပူမိလို့ပါ။ အိမ်တော်ရဲ့အမွေတွေရဖို့
အယ်ရိုလေးကို အသုံးချပြီး သူပိုင်စိုးသွားမှာ
စိုးရိမ်နေပြီ။ အန်တီတို့က သူ့ရည်ရွယ်ချက်ကို
သိလျက်နဲ့ ကြည့်နေရတယ်။ သခင်ကြီးဂျွန်ကို
ရည်ရွယ်ချက်ကြီးကြီးနဲ့ ကပ်ခဲ့တုန်းကလည်း
အန်တီတို့မတားနိုင်ခဲ့ဘူး။ သခင်ကြီးလည်း
ဆုံးပါးသွားပြီမလို့ သူ့ကို အိမ်တော်မှာ
ဆက်မထားချင်တော့ဘူး။ အားလုံးက
သူ့လက်အောက်မှာ မပျော်ကြဘူး။
အယ်ရိုလေးဆို သူ့ကိုဆန့်ကျင်ပြီး
ကျောင်းဆက်မတက်တော့ဘူးဆိုပြီးတောင်
ဆန္ဒပြနေတယ်။ အန်တီလည်း စိတ်ညစ်နေပြီ။
အားလုံးရဲ့မျှော်လင့်ချက်က 
သခင်လေးဂျွန်ပဲ။ သခင်လေးဂျွန်ပြန်လာဖို့
အားလုံးက မျှော်လင့်နေကြတယ်။
သခင်လေးပြန်လာပြီး အားလုံးကို
အညီအမျှဖြစ်အောင် စီမံနိုင်မယ်လို့
မျှော်လင့်နေကြတယ် "

ဂျောင်ဂု ရှည်လျားတဲ့စာတွေကို ကျော်ပြီး အဓိကအကြောင်းအရာတွေပဲ ဖတ်ကာ
စာဖတ်ခြင်းကို အဆုံးသတ်လိုက်သည်။
သူ့အိမ်တော်က သူ့ကို တစ်လသုံးလေးစောင်လောက်
ပို့နေတာ။ လတိုင်း ဒီအကြောင်းအရာတွေချည်း
အဲဒီအပျော်မယ်မျိုးရိုးကကောင်က
အဲလောက်တောင်ပဲလား.. အခု‌လို
ပြောလောက်တဲ့အထိ ကြောက်ဖို့ကောင်း
နေတာလား.. စိတ်ဝင်စားစရာပဲ..

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now