ep52

2.3K 353 96
                                    

စစ်တပ်က သူပြန်လာပြီဆိုတဲ့သတင်းကို
အားလုံးသိအောင် ဖြန့်ဝေခဲ့သည်။
သတင်းစာနဲ့ ရေဒီယိုရုပ်မြင်သံကြားလိုင်း
တွေမှာပါ သူ့စွမ်းဆောင်ရည်ကို အကျယ်တဝင့်
ဖော်ပြပြီး ချီးကျူးဂုဏ်ပြုပေးခဲ့သည်။
ထိုသတင်းကြောင့် သူက မြို့တော်မှာ တစ်ဖန်
ရေပန်းစားလာခဲ့ပြန်သည်။ သူပြန်ရောက်လာတဲ့
သတင်းကြောင့် မြို့တော်က သူ့မိန်းမပျိုလေးတွေဆီက စာသဝဏ်လွှာတွေ အများအပြားကလည်း အိမ်တော်ရဲ့စာတိုက်ပုံးထဲတွင် သိမ်းလို့မနိုင်ခဲ့။

စစ်တပ်ကနေစပြီး သူလက်ထပ်‌တော့မည်ဆိုတဲ့ အတင်းအဖျင်းတွေ ထွက်ပေါ်လာ‌တာတောင် သူ့ဆီရောက်လာတဲ့ စာလွှာတွေက မရပ်သွား။
မည်သူမည်ဝါလည်း အတိအကျသိချင်သည့်
စကားအသွားအလာတွေနဲ့ နောက်ဆုံး
လက်ထပ်ပွဲကို ဖိတ်ကြားလိုက်ပါဆိုပြီး
အဆုံးသတ်သွားကြသည်။ သူကတော့
ထိုသတင်းတွေပြန်ကြားရတဲ့အခါ 
ဘယ်အချိန်လက်ထပ်ကြမလဲဆိုတာ
ဆွေးနွေးလာခဲ့သည်။ ဆော့ဂျင်သူ့ကို
ခေါင်းအစခြေအဆုံး တစ်ချက်သာကြည့်ပြီး
ဒီလိုပုံစံနဲ့ လက်ထပ်ဖို့အကြောင်းကို တွေးနေသေးတာလားလို့ ပြန်မေးချင်မိသည်။
မေးလိုက်ပြန်ရင်လည်း သူဘာမှဖြစ်နေတာ
မဟုတ်ဘူးဆိုတာနဲ့ဘဲ အဆုံးသတ်သွားအုံးမည်။

" ပျင်းဖို့ကောင်းလိုက်တာ.. "

" မရီး "

ဆော့ဂျင်ပြန်မထူးဘဲ မော့ကြည့်လိုက်သည်။
သူအခုဆို သူ့နားရက် မဟုတ်ဘူး သူပြန်လာတဲ့
အချိန်ကတည်းက စက်ရုံမသွား အလုပ်မသွားဘဲ
ပစ်ထားခဲ့တာ။ သူ‌နဲ့အိမ်တော်ကို ပြန်လာရမှသာ
အလုပ်စားပွဲပေါ် ထိုင်ရတာ။ တစ်ခါတလေဆို
သူ့ဘေးနား တောက်လျှောက်စောင့်ကြည့်နေရတာမလို့
အလုပ်လုပ်ဖို့အချိန်ဆိုတာမရှိ။ အခု နားရက်လည်း
တော်တော်လေးရက်ရှည်ရှိလာပြီး သူ့ဒဏ်ရာတွေလည်း
စိတ်ချလို့ရတဲ့အခါမှာတော့ သူပစ်ထားခဲ့ရတဲ့
အလုပ်တွေထဲ ခေါင်းစိုက်နေရသည်။
သူပျင်းတယ်ဆိုတာ အမြဲဆော့ဂျင်အလုပ်
စားပွဲပေါ်ရောက်နေရင် သူက တစ်နည်းနည်းနဲ့
ပျင်းပြတော့သည်။ သူ့အကြောင်းသိနေ၍
ဆော့ဂျင်သူပျင်းနေတယ်ပြောတုန်းက
အဖတ်မလုပ်တာ သူကလည်း ဆော့ဂျင်
တမင်မကြားချင်ဟန်ဆောင်နေမှန်းသိလို့
နာမည်ခေါ်ပြီးကို အနားရောက်လာခဲ့သည်။

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now