ep39

2.7K 318 69
                                    


ညဉ့်နက်လာတော့ ဧည့်သည်တွေက
တဖြည်းဖြည်း စဲသွားပြီဖြစ်သည်။
လူကြီးဧည့်သည်တွေ မရှိတော့တဲ့အခါ
လူငယ်တွေအတွက် အထူးစီစဉ်ပေးထားတဲ့
ပျော်ပျော်ပါးပါး သောက်စားကခုန်ပွဲက
ဆူဆူညံညံ ရှိနေသည်။ အားလုံးက
အရက်အနည်းအများ သောက်ထားကြတော့
ရီဝေကာ ပုံမှန်ထက် တက်ကြွပြီး
လှုပ်ရှားမှုတွေ များနေကြသည်။

သူနှင့်ဟယ်လင် သူ့အစီအစဉ်အတိုင်း
သခင်လေးဂျွန်ကို ချဉ်းကပ်ခဲ့ကြသည်။
အင်ဟယ်လင်က ယုတ်မာဖို့အစီအစဉ်ရှိနေတာ
သိပေမဲ့ သူအလိုက်သင့်ပဲ ပူးပေါင်းပါဝင်ခဲ့သည်။
သူ့အစီအစဉ်က သခင်လေးဂျွန်ကို
ဆေးတချို့သုံးပြီး သူတို့နှစ်ယောက်ထဲက  သခင်လေးဘယ်သူ့ကို ရွေးချယ်လိမ့်မလဲပေါ့။ ဂျယ်နီသူမကို ကောင်းကောင်း
ပညာပြန်ပေးဖို့အတွက်နဲ့ သူ့အစီအစဉ်ကို
လက်ခံလိုက်သည်။ သခင်လေးဂျွန်ကို
ဒီလိုနဲ့ လွယ်လွယ်အရူးလုပ်လို့ရတယ်များ
ထင်နေလားမသိဘူး။

ဂျယ်နီနှင့်ဟယ်လင် သခင်လေးကို
ချဉ်းကပ်ခဲ့ကြတာ အောင်မြင်ပါသည်။
သခင်လေးဂျွန်က သူတို့နှစ်ယောက်ကို
အလိုက်သင့်ပြန် ခေါ်ပြောလာသည်။
သခင်လေးဂျွန်ရဲ့ပုံစံအတိုင်း ပေါင်းသင်းရမခက်ဘူး။
သူတို့ သခင်လေးနဲ့ အတူသောက်ရအောင်လို့ဆိုပြီး
သခင်လေးကို ယူလာတဲ့အရက်တစ်ခွက်ပေးလိုက်တော့
သခင်လေးက အရက်ခွက်ကို လက်ခံလိုက်ပြီး
သူတို့ကြားထဲက လေထုက အသင့်အတင့်
ဖြစ်လာသည်။ သူတို့အဆင်ပြေပြေဖြစ်သွားကြတော့  အင်ဟယ်လင်ကလည်း အခွင့်အရေးကို
အသုံးချပြီး ရှေ့ရက်က ဖြစ်ခဲ့တဲ့ ကိစ္စကို သေချာလေးပြန်တောင်းပန်ချင်လို့ဆိုပြီး
ခွင့်တောင်းလိုက်ရာက သခင်လေးဂျွန်က
လွယ်လွယ်ပြန်ခွင့်လွှတ်ပေးခဲ့သည်။

သူတို့ခဏလောက် အရက်သောက်ရင်း
စကားစမြည်း ပြောနေခဲ့ကြသည်။
ခဏလောက်အကြာတွင် ဆေးအစွမ်းက
တော်တော်လေးပြ လာပြီဖြစ်မယ်
သခင်လေးဂျွန်က တော်တော်လေး မူးလာပြီး
ခေါင်းကို တစ်ချက်တစ်ချက် ယမ်းခါနေသည်။
ဆေးအစွမ်းက ပြလာတဲ့အခါ သူကိုကို့ကို
ရှာမိသည်။ ကိုကိုက ဘယ်သွားနေရတာလဲ
ခုနကတည်းက မတွေ့ရတာက..

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now