ep37

2.1K 319 50
                                    

" သခင်လေးဂျွန် သခင်လေးနဲ့
စကားခဏလောက်ပြောချင်လို့ပါ "

ဆော့ဂျင်နှင့်ဂျွန်ဂျောင်ဂု အပေါ်ထပ်ဆီက
လေသာဆောင်တွင် လက်ဖက်ရည်သောက်လျက်
ရှိနေကြတုန်း မစ္စမာရင်းက သူတို့ရှိရာနား
ရောက်လာပြီး ရိုရိုကျိုးကျိုးနဲ့
ခွင့်တောင်းလာသည်။  မစ္စမာရင်းက ဘာအကြောင်းပြောချင်လဲဆိုတာကိုတော့
သူမခန့်မှန်းတတ်။ ပုံစံကတော့
အရေးကြီးကိစ္စ ပြောဆိုချင်ဟန်ဖြစ်နေပြီး တော်တော်လေးလည်း ရိုကျိုးနေပုံပေါ်တာကြောင့်
သူပင် အံ့အားသင့်နေမိသည်။ ‌ဒါပေမဲ့ ထိုပုံစံက
သူ့အပေါ်တော့ သက်ရောက်မှုမရှိပါဘူး။ ဂျွန်ဂျောင်ဂုပေါ်ကိုတော့ ရိုကျိုးပုံပေါ်နေပြီးတော့
တစ်ချိန်တည်းမှာပဲ သူ့ကိုတော့ မလိုသလိုသာ
ကြည့်နေသည်။ သူနှင့်ဂျွန်ဂျောင်ဂုက
တစ်နေကုန် အိမ်မှာလည်းမရှိသလို
အိမ်ပြန်ရောက်တော့လည်း တစ်ပူးတစ်တွဲ
ရှ်ိနေကြတာမလို့ အမြင်မကြည်ဖြစ်လို့နေပြီ
ထင်ပါရဲ့..

" အန်တီမာရင်း ဘာပြောချင်လို့လဲ "

ဂျွန်ဂျောင်ဂုက မစ္စမာရင်းကို နေရာချပေးပြီး
လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးကာ ခပ်အေးအေး
မေးလိုက်သည်။

" အန်တီမာရင်းသခင်လေးကို
မနက်ကကိစ္စအတွက် တောင်းပန်ချင်လို့ပါ "

မစ္စမာရင်းက ဂျွန်ဂျောင်ဂုကိုပြောနေပေမဲ့
အကြည့်တွေက သူ့ကို မလိုဟန်ကြည့်နေသည်။
မစ္စမာရင်း သူ့ကို ထသွားစေချင်တာဖြစ်ပေမဲ့
သူမသိချင်ယောင် ဆောင်နေလိုက်ပြီး
မနက်ကကိစ္စဆိုတာကို ခန့်မှန်းလိုက်သည်။
လက်ထောက်ကိန်းဝပ်နဲ့ဖြစ်တဲ့ကိစ္စကို ‌
ပြောချင်တာလား .. သူထိုကိစ္စကို အကြမ်းဖျင်း
ပြန်ကြားပြီးသွားပြီ။ ဂျွန်ဂျောင်ဂုက ထိုအတွက်
အိမ်တော်ကို ရောက်လာခဲ့တာဖြစ်ပြီး
ထိုသားအမိနဲ့ လက်ထောက်ကိန်းဝပ်ကို
ထိပ်တိုက်တွေ့စေပြီး ပြဿနာကို ဖြေရှင်း
လိုက်တာဖြစ်သည်။ ဒါကြောင့် မနက်က
သူနိုးလာတော့ ထိုသားအမိအရိပ်အယောင်ပင်
မတွေ့ရတာ။ ခါတိုင်းလိုသာဆိုလျှင် ဟယ်လင်တစ်ယောက် ဂျွန်ဂျောင်ဂုနား
ဝဲလျှက်မခွာ ရှိနေလိမ့်မည်။ ဒါကြောင့်
သူတွေးနေတာ ဟယ်လင်တစ်ယောက်
ရောက်မလာတာ ထူးဆန်းပါတယ်လို့..
သူတို့အဆူခံထားရလို့ကိုး.. အဲတော့ တကယ်ပဲ အဲဒီကိစ္စကို တောင်းပန်ချင်တယ်ပေါ့လေ.. 

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now