ep3

2.1K 293 31
                                    

ဒီနေ့တော့ စက်ရုံမသွားသေးဘဲ
ဂျွန်အယ်ရိုကျောင်းသွားမသွား
စောင့်ကြည့်မှာမည်ပင်။ အရင်နေ့တွေက
သူက စက်ရုံကို စောစောထွက်သွားနေကြမလို့
ဂျွန်အယ်ရိုကျောင်းတက်မတက်
မသိခဲ့ဘူး။ ကြည့်ရတာ အယ်ရိုက
သူ့နဲ့ဆန့်ကျင်ချင်ရုံကို မစ္စမာရင်းတို့က
မြှောက်ထိုးပင့်ကော်လုပ်ပေးနေတော့
အားကိုးရှိပြီး သူ့ကိုအာခံချင်လာပုံပဲ..
ဒီနေ့တော့ သူဒီကိစ္စကို အပြတ်ရှင်းဖို့ရာ
စောင့်နေသည်။ မစ္စမာရင်းတို့
သူနဲ့ထိပ်တိုက်တွေ့မလားကတော့ ဒီနေ့ ဂျွန်အယ်ရို ကျောင်းတက်မတက်အပေါ်မှာ မူတည်သည်။
ဒီနေ့တော့ ဂျွန်အယ်ရိုနဲ့ပတ်သက်ပြီး
မစ္စမာရင်းတို့ကိုပါ ကောင်းကောင်းသတိပေးရမည်။

သူဧည့်ခန်းထဲတွင် စာရင်းတချို့စစ်ရင်း
စောင့်နေခဲ့သည်။ ဂျွန်အယ်ရိုက ဆင်းလိုက်
တက်လိုက်နဲ့ သူ့ရှေ့က အခါခါဖြတ်လျှောက်ရင်း
သူ့အသွားကို စောင့်နေသည်။ သူက ကျောင်း
သွားရ မသွားရကို တွန့်ဆုတ်နေပြီး သူ့အဘွားနဲ့
သူ့ကြား လွန်ဆွဲနေသည်။ သူကျောင်းမသွားရင်
သူ့ဆီမိပြီး ကိစ္စကြီးတစ်ခုဖြစ်လာမှာလည်းသိသည်။
သူ့ဘွားနဲ့အန်တီက‌လည်း သူ့ကိုဂရုစိုက်စရာမလိုကြောင်း
မြှောက်ပေးနေသည်။ သူက‌တော့
မသိချင်ယောင်ဆောင်ရင်းသာ နာရီကိုကြည့်ရင်း
အလုပ်ဆက်လုပ်နေခဲ့သည်။ ရှစ်နာရီလေးဆယ့်ငါး
အချိန်မှာတော့ သူစာရင်းကြည့်နေတာ
ရပ်လိုက်ပြီး ထရပ်လိုက်သည်။

ဂျွန်အယ်ရိုနဲ့မစ္စမာရင်းတို့သားအမိက
သူထလာသည်ကို မျက်စိဒေါက်ထောက်
ကြည့်နေသည်။ သူတည့်တည့်ပဲ ဂျွန်အယ်ရို
ရှိရာ လျှောက်သွားလိုက်သည်။

" မင်းကျောင်းမသွားသေးဘူးလား အခုထိ
နောက်ကျတော့မယ် ငါနဲ့လိုက်ခဲ့ တစ်ခါတည်း "

ဂျွန်အယ်ရိုက သူ့စကားကို
ပြန်မပြောနားမထောင်လေး လုပ်ကာ
မလှုပ်မယှက် ရှိနေသည်။

" ဂျွန်အယ်ရို "

" မင်းကျောင်းပျက်တာတွေ ငါသိထားတယ်နော်
ဒီနေ့ကစပြီး မင်းကျောင်းသွားမသွားကို
ငါစောင့်ကြည့်တော့မှာ အခုထပြီး ပြင်တော့ "

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now