ep48

1.9K 316 36
                                    

နေ့ရက်တိုင်းက အဆင်ပြေပြေပဲ ပြန်ဖြစ်လာသည်။
ထိုနောက်ပိုင်း သူတို့ စကားများကြတာမျိုးလည်း
ထပ်ပြီးမရှိတော့။ သူတို့ကိုယ်တိုင်ကလည်း
ကိုယ်စီအလုပ်တွေဖြင့် မအားလပ်နေသဖြင့်
‌နှစ်ယောက်သား မျက်နှာချင်းဆိုင်ပင် ဆုံဖို့
ခက်ခဲနေသည်။ လူတိုင်းညအိပ်ရာဝင်ချိန်မှသာ
တယ်လီဖုန်းနဲ့ဆက်သွယ်တာမျိုးရှိသည်။
ဆော့ဂျင်ဘက်က ညအချိန်အားလပ်ပေမဲ့
သူ့ဘက်ကတော့ အိပ်ချိန်ပင်လျှင် အိပ်ရာ
ထဲမှာ ရှိမနေသေး။ မြို့တော်ရဲ့ စစ်ရေး
အခြေအနေကို သိသင့်သလောက် သိတာမလို့
ဆော့ဂျင်လည်း ခဏမျှစကားပြောဆိုပြီးနောက်
အိပ်ရာဝင်လိုက်သည်။ နေ့ရက်တိုင်း ထိုအတိုင်း
ဖြတ်သန်းနေရသည်မှာ အနည်းငယ်ကြာမြင့်
နေပြီမလို့ ဆော့ဂျင်ကျင့်သားပင် ရနေပြီ။

သူလည်း တစ်နေကုန်မအားလပ်တဲ့ကြားက
ညအိပ်ရာဝင်ချိန်တစ်ထောက်သာ အပြည့်အဝ
အနားယူရသည်မလို့ သူနှင့်စကားခဏမျှ
ပြောပြီးလျှင် တန်းအိပ်ပျော်သွားတော့သည်။
မနက်မိုးလင်းလာလျှင် ပုံမှန်အတိုင်း အိပ်ရာကထ
စက်ရုံသွားဖို့ပြင်နှင့် နေ့စဉ်ကိစ္စဝဝလုပ်ရင်းသာ
လည်ပတ်နေသည်။ စက်ရုံသစ်ဆောက်လုပ်ရေးက
အားလုံးပြီးလုဖြစ်နေပြီ။ ဒီနှစ်အတွင်းမှာပဲ
အားလုံးအပြီးသတ်နိုင်လိမ့်မည်ဟု ခန့်မှန်း
ထားသည်။ စက်ရုံအသစ်ဆောက်လုပ်ပြီးစီးလို့
လုပ်ငန်းလည်ပတ်အခြေကျပြီးလျှင်တော့
သူအလုပ်တွေလျှော့လုပ်တော့ဖို့
စဉ်းစားထားသည်။ စဉ်းစားထားတာတော့
အမြဲစဉ်းစားထားတာတွေရှိပေမဲ့ စီစဉ်ထားသလို
လုပ်ဖို့က ခဲယဉ်းလွန်းသည်။ သူလုပ်နိုင်သေးတဲ့
အချိန်အထိတော့ လုပ်ငန်းတွေကို ဆက်လက်
တိုးချဲ့သွားဖို့ရာ ဆန္ဒရှိနေသည်။

လက်ထပ်ပြီးသွားရင်ရော သူဒီလိုမျိုး
အလုပ်တွေလုပ်နိုင်အုံးမလား တွေးကြည့်ဖူးသည်။
ဝန်ကြီးချုပ်နဲ့လက်ထပ်လိုက်ရတုန်းကတော့
သူ့အချိန်တော်တော်များများက ဝန်ကြီးချုပ်ကို
ပြုစုပေးရင်းသာ ကုန်ဆုံးခဲ့ရသည်။ ဝန်ကြီးချုပ်
ရောဂါက သူနှင့်လက်ထပ်ပြီးနောက်ပိုင်း ပိုကျွမ်း
လာတာမလို့ ဘေးတွင် အစဉ်တစ်စိုက်ရှိနေပြီး
အဖော်ပြုပေးနေမှသာ အဆင်ပြေသည်။
အခုဂျွန်ဂျောင်ဂုကတော့ အကောင်းကြီးမလား
သူအဲလိုပြုစုပေးရမဲ့သူမျိုးလည်းမဟုတ်တော့
ပုံမှန်အတိုင်း အလုပ်တွေကို အချိန်ပေးလို့
ရကောင်းပါရဲ့။ သူကိုယ်တိုင်လည်း
အားနေတာမှမဟုတ်တာ.. ဆော့ဂျင်
လက်ထပ်ပြီးလျှင်လည်း အလုပ်တွေကို
ပုံမှန်အတိုင်းလုပ်ဖို့ရာကိုပဲ အားသန်သည်။
တခြားအရာရှိကတော်တွေလိုမျိုး
အငြိမ်းစားနေဖို့ရာ သူ့တွင်ဆန္ဒမရှိ။
သူအဲလိုမျိုးလည်း မနေနိုင်ဘူး။
ဒါကိုသူလည်းသိမှာပါ။
ဆော့ဂျင်အလုပ်တွေလုပ်နေတာကို
သူကန့်ကွက်လိမ့်မယ်လို့မထင်ဘူး။

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now