ep15

2.6K 308 45
                                    

" သူကမုဆိုးဖိုတစ်ယောက်ပဲ
သားသမီးတွေလည်း ရှိသေးတယ်
အနည်းဆုံးတော့ သက်ကြီးကောင်လောက်ပဲ
ထင်ထားတာ အခုတော့ တကယ့်လူအိုကြီးပါလား "

ဂျောင်ဂုက ကိန်းဝပ်ယူလာတဲ့ မြေတိုင်း
ဦးစီးယွန်ဆိုတဲ့သူရဲ့ အချက်အလက်တွေကို
ဖတ်ရှုရင်း မှတ်ချက်ချလိုက်သည်။ ထိုလူက
သူ့အစ်ကိုနဲ့အသက်အရွယ်တူ အိမ်ထောင်
တစ်ခါကြဖူးပြီး သားတစ်ယောက်သမီး
တစ်ယောက်လည်း ရှိသေးသည်။
ဇနီးကတော့ လွန်ခဲ့တဲ့နှစ်တွေကပဲ
ဆုံးပါးသွားခဲ့သည်။

ကင်မ်ဆော့ဂျင်လက်ထပ်ပြီးနောက်ပိုင်းရော
ဝန်ကြီးချုပ်သေဆုံးပြီးနောက်ပိုင်းရော
အသွားအလာအဆက်အသွယ်ရှိကြသည်။
သူအချက်အလက်တွေကို ကျော်ခွလှန်လောဖတ်လိုက်သည်။
တခြား သူ့လိုမျိုး ကိစ္စအဆက်အဆံရှိဖူးလား
ရှိနေလား သူသိချင်တာပဲ။ သူ့မရီးက
ငွေမျက်နှာကြည့်ပြီး သူ့အပြင်ဘယ်သူတွေနဲ့
အဆက်အဆံရှိနေ‌သေးလဲ သူသိထားဖို့လိုသည်။
သူ့အတွက် ထိုဟာက အရေးကြီးသည်။

လောလောဆယ် ကင်မ်ဆော့ဂျင်နဲ့
ပျော်ပါးရသည်က သူ့အတွက်‌
ကျေနပ်စရာကောင်းနေသည်။
သူကျွမ်းဝင်ခဲ့ဖူးတဲ့မိန်းမတွေနဲ့
ခွဲထွက်စွာ ကင်မ်ဆော့ဂျင်က သူ့အတွက်
ရသတစ်မျိုးပေးနေသည်။ ကင်မ်ဆော့ဂျင်ရဲ့
ထိုမျက်နှာက သူ့အတွက် ခံစားချက်အသစ်
တစ်မျိုးပဲ သူ့ကိုမြင်ရင် အနှောင့်အယှက်
ဖြစ်သွားသလို ထိုမျက်နှာပေး..
သူ့ကိုမကြည်ဖြူတဲ့သူကို အတင်းအကြပ်
မလိုချင်မှန်းသိလျက် အတင်းအရယူပြီး
လိုက်လျောစေခိုင်းလိုက်ရတဲ့အချိန်က
သူ့အတွက် တော်တော်လေး စိတ်ကျေနပ်စရာ
ကောင်းနေသည်။
သူအနိုင်ရလိုက်သလို ခံစားလိုက်ရသည်။
ထိုလူရဲ့မကြည်ဖြူတဲ့အရာအားလုံးကို
သူကကျူးကျော်လိုက်ရတဲ့အခါ၊ မသက်သာဘဲ
လိုက်လျောလိုက်ရတဲ့အချိန်၊ ထိုအချိန်တွေက
သူ့အတွက်တော့ စိတ်ကျေနပ်စရာကောင်းလှသည်။

သူ့ကိုဘယ်လောက် ငြင်းဆန်ပြပြီး
မနှစ်မြို့ချင်အုံးတော့ အရာအားလုံးကို
သူကအလွယ်တကူပဲ လုပ်နိုင်လိုက်တယ်လေ..
သူဘယ်လောက်ပဲ သူ့ကိုမနှစ်မြို့စေအုံးတော့
နောက်ဆုံး သူ့လက်ထဲရောက်လာတာပဲမလား
သူစေစားရာနေရာ နေရတာပဲမလား
သူမနှစ်မြို့တဲ့သူအောက် ဝပ်တွားရတာပဲမလား..
ဟက် မရီးနဲ့ ရှေ့ဆက်လုပ်ရမဲ့ကိစ္စတွေက
တွေးရင်းတောင် ပျော်စရာပဲ..
မရီးရဲ့ ငြင်းဆန်ပြီး မကြည်ဖြူပုံပေါက်နေတာက
ကျုပ်ကိုနှိုးဆွနိုင်စေတယ်။ ကျုပ်အခုတောင်
မရီးနဲ့ စိတ်လှုပ်ရှားစရာကိစ္စလေးတွေလုပ်ဖို့
မစောင့်နိုင်တော့ဘူး။

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now