ep42

2.1K 298 39
                                    

မနက်ခင်းတွင် ပုံမှန်ထက် စောစောနိုးထလာခဲ့သည်။
သူတို့အတူနေတဲ့အချိန်တိုင်း ဆော့ဂျင်က 
အရင်အိပ်ပျော်သွားတတ်ပေမဲ့
သူကအမြဲအရင်နိုးနေကြပဲ.. အရင်တုန်းကတော့ သူသူ့ခန္ဓာကိုယ်က ညစ်ပတ်တဲ့ဒဏ်ကို
မခံနိုင်လို့ သူ့စိတ်ကအလိုလို စောစော
နိုးထလာသည်ဟု ထင်မှတ်ပေမဲ့ နောက်ပိုင်း
သူ့ထိုအကျင့်ကိုသိလို့ သူတို့ပြီးသွားတဲ့အချိန်တိုင်း
ဂျွန်ဂျောင်ဂုက သူ့ကိုသန့်ရှင်းပေးထားလေ့ရှိသည်။
ဒါပေမဲ့လည်း သူပုံမှန်အချိန်တော့ နိုးနေတုန်းပဲ..
သူတို့ညပိုင်းဆက်ဆံပြီးသွားတဲ့အချိန်တိုင်း
ဆော့ဂျင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တယ်လို့
ခံစားနေရပြီး ညပိုင်းတစ်ရေးမှမနိုးတဲ့အပြင်
အိပ်မက်ပင်မမက်ခဲ့။ သူတို့ပုံမှန်လိုသာ
ဆက်ဆံတယ်ဆိုရင် နိုးလာတဲ့အခါ မသက်မသာဖြစ်တာမျိုးမရှိ။ ပုံမှန်ထက်များပြီး
အနည်းငယ်ကြမ်းတမ်းတဲ့နေ့တွေမှသာ
သူကိုက်ခဲတာမျိုးကို ခံစားရသည်။

ဂျွန်ဂျောင်ဂုက လိင်ဆက်ဆံတာကို
စွဲလမ်းပေမဲ့ သူက အသားချင်းထိကပ်ထားရင်း
ခန္ဓာကိုယ်ကို စိတ်ကြိုက်ခြယ်လှယ်ရတာမျိုးကို
ပိုသဘောကျသည်။ ထိုနည်းလမ်းက
သူ့အတွက်လည်း တော်တော်ကောင်းမွန်သည်။
သူ့အထဲကို ထိုသွင်းဆက်ဆံမှုက နည်းတဲ့အခါ
သူ့ခန္ဓာကိုယ်က ပိုလို့ နေလို့အဆင်ပြေသည်။ သူကိုယ်တိုင်လည်း ထိုအထိအတွေ့မျိုးကို
နှစ်သက်သည်။ နှစ်ယောက်စလုံးက
ပြီးမြှောက်ဖို့အတွက် ကိုယ်တွင်းထိုးသွင်းဆက်ဆံမှု
မလုပ်လည်း ဖြစ်သည်။ နှစ်ယောက်သားရဲ့
လက်ဖြင့်သော်လည်းကောင်း ပါးစပ်ဖြင့်သော်
လည်းကောင်း သူတို့အရာချင်း ပွတ်တိုက်၍
သော်လည်းကောင်း စိတ်ကျေနပ်မှု ရစေသည်။

" ခင်ဗျားနိုးနေပြီလား "

" အင်း.. မင်းမထသေးဘူးလား "

သူက ကိုယ်ကို သူ့ဘက်စောင်းလှည့်ပြီး
မျက်လုံးတွေ ပြန်မှိတ်သွားတာကြောင့်
ဆော့ဂျင်မေးလိုက်သည်။

" မင်းလေ့ကျင့်ဖို့ မသွားဘူးလား "

" ဒီနေ့အိပ်ချင်လို့ မသွားဘူး
ခင်ဗျားလည်းမထနဲ့ "

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now