ep33

2.3K 323 47
                                    

ဆော့ဂျင်ဓားပြတိုက်ခံရပြီး ဓားပြ‌တွေ
ပြန်ပေးဆွဲခံလိုက်ရတဲ့သတင်းနဲ့ ဂျွန်ဂျောင်ဂုရဲ့
တစ်ကိုယ်တော် ဓားပြတွေအားလုံးကို
အစီအစဉ်မရှိ ဖမ်းဆီးနှိမ်နင်းနိုင်ခဲ့တဲ့သတင်းက
မြို့ထဲတွင် တမုတ်ချင်းပျံ့နှံ့သွားသည်။
ဂျွန်ဂျောင်ဂုက ထိုသတင်းကြောင့် မြို့ထဲတွင်
ရေပန်းစားလို့ရှိနေသည်။ လူတိုင်းက
ထိုအကြောင်းကို ပြော‌ဆိုနေကြသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး သူတို့အိမ်တော်က
နာမည်ကြီးနေသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီးလည်း
အိမ်တော်တွင် အကောင်းဘက်မှ
များစွာအကျိုးပြုနေသည်။ မစ္စမာရင်းက
အရာရှိကတော်တွေကြားတွင် မျက်နှာပွင့်နေပြီး
ထိုကိစ္စအရင်းတည်ရင်း စိန်ရောင်းဝယ်ရာတွင် အမြတ်အစွန်းတွေရပြီး အလွယ်တကူ
ရောင်းကုန်နေသည်။ ဟယ်လင်သည်လည်း ဂျွန်ဂျောင်ဂုနှင့်ပတ်သက်ပြီး မိန်းကလေးတွေ
ကြားတွင် အားကျခြင်းခံနေရသည်။

အယ်ရိုကတော့ အပျော်ဆုံးပေါ့
ဒီကလေးက နဂိုတည်းက သူ့ဦးလေးငယ်ကို ဘယ်လောက်တောင် အထင်ကြီး အားကျနေလဲ အခုဆိုရင်တော့ သူက အချိန်တိုင်း ဆော့ဂျင်ဆီ
ရောက်လာပြီး အလျားသင့်သလို
ထိုအကြောင်းကို မေးမြန်းတတ်သည်။
သူက အကြောင်းအရာစုံစုံလင်လင်ကို
သိပြီးတာတောင် ‌အသေးစိတ်အချက်အလက်တွေကို ‌သိချင်နေတုန်းပဲ.. သူ့ဦးလေးငယ်က
ဘယ်ဓားပြကို ဘယ်လိုပြောပြီး
ဘယ်လိုရိုက်ချလိုက်တဲ့အချိန် တခြားဓားပြတွေက
ဘယ်လိုထိတ်လန့်သွားကြလဲ ဒါမှမဟုတ် သူရော
ဘယ်လိုတုံ့ပြန်လိုက်လဲ စတဲ့ အသေးစိတ်ကျတဲ့
အချက်အလက်တွေကအစ သိချင်စိတ်အပြည့်နှင့်
မရိုးနိုင်အောင် မေးမြန်းနေသည်။

ထိုအဖြစ်အပျက်နှင့်ပတ်သက်ပြီး သူသည်လည်း
အကျိုးသက်ရောက်မှုအနည်းငယ်တော့
ရှိပါသည်။ သူ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီး
အခွင့်အလမ်းတွေ များလာသည်။ တော်တော်
များများက ဂျွန်ဂျောင်ဂုနဲ့ပတ်သက်ပြီး
လုပ်ငန်းလက်တွဲဖို့ရာ ယုံကြည်ထောက်ခံမှုတွေ
ရခဲ့ပြီးနောက် အတူလက်တွဲဖို့ ဆန္ဒရှိလာကြသည်။
ဘာပဲဖြစ်ဖြစ် သူ့နောက်ကွယ်မှာ အာဏာကြီးတဲ့
အရာရှိတစ်ယောက် ရှိသွားပြီဆိုတော့ ပူးပေါင်း
ဆောင်ရွက်မှုက အကျိုးမယုတ်နိုင်တော့ဘူး။
ထိုသို့အခွင့်အလမ်းတွေရလာတော့
သူလုပ်ငန်းတွေကို ပိုပိုတိုးချဲ့ဖို့
အခွင့်အရေးတွေ ရလာခဲ့သည်။

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now