ep21

1.9K 269 42
                                    

" ဒန် ကိုကိုရော ‌ကိုကိုကဘယ်မှာလဲ
ဘာလို့နင်က သူတို့နဲ့အတူ ပြန်လာရတာလဲ "

ဒန်တို့ပြန်လာတဲ့အချိန်က မှောင်စပျိုးနေပြီ။
သူက အစ်ကိုဂျင်နဲ့သခင်လေးဂျွန်တို့
အရိပ်အကဲကြည့်ပြီး အပြင်ထွက်လာပေးခဲ့တော့
အပြင်ဘက်တွင် သခင်လေးဂျွန်ရဲ့
လက်ထောက်ကိန်းဝပ်နဲ့ သခင်လေးအယ်ရိုကို
တွေ့လိုက်ရသည်။ သူတို့က သူ့ကိုစောင့်နေကြတာ
ဖြစ်သည်။ သူပြန်ဖို့ကို အစ်ကိုဂျင်နဲ့မှ အတူပြန်ဖို့
လုပ်ထားပေမဲ့ လက်ထောက်ကိန်းဝပ်က
ပြန်ဖို့ခေါ်တာနဲ့ အတူပြန်လိုက်လာခဲ့လိုက်သည်။
ကိန်းဝပ်က အစ်ကို့ကို သခင်လေးနှင့်ထားခဲ့လို့
ရတယ်ဆိုတာ သူ့ကိုပြောပြသည်။
သူလည်း နည်းနည်းရိပ်မိနေတာမလို့
သိပ်မတွေးနေတော့ဘဲ အတူပြန်လာခဲ့လိုက်သည်။

သူတို့ပြန်ရောက်တော့ ဧည့်ခန်းထဲတွင်
လူစုံတက်စုံ ရှိနေကြသည်။ ကြည့်ရတာ
သူတို့တွေ ပြန်မရောက်ကြသေးလို့
စောင့်နေပုံပါပဲ.. သူတို့အိမ်တော်ထဲဝင်ခဲ့သည်နှင့်
မမလေးဂျယ်နီက ထလာပြီး အရင်မေးတော့သည်။
မစ္စမာရင်းတို့သားအမိက သခင်လေးဂျွန်နှင့်
သခင်လေးအယ်ရိုကို စောင့်နေတာဖြစ်မည်
သူတို့က သခင်လေးအယ်ရိုတစ်ယောက်တည်းသာ
ပြန်လာသည်မြင်၍ သခင်လေးအယ်ရိုကို
မေးမြန်းနေကြသည်။ သခင်လေးအယ်ရိုက
ညနေတိုင်း သခင်လေးဂျွန်နဲ့အတူ သေနတ်ပစ်သင်ပြီး
အတူပြန်လာ‌နေကြဖြစ်သည်။ ဒီနေ့မှာတော့
သခင်လေးအယ်ရိုက သူတို့နဲ့ပါလာတဲ့အပြင်
အဓိကလူနှစ်ယောက်က မပါလာတော့
မေးစရာဖြစ်နေသည်။

ရုတ်တရက်ဖြစ်သလို သူတို့ကိုလည်း ဒီလိုမျိုး
မေးလာမည်မထင်မှတ်ထား၍ သူဘာပြန်ဖြေရ
မတွေးထားမိ။ အစ်ကိုနဲ့သခင်လေးဂျွန်
အတူရှိပါတယ်ဆိုတာတော့ ပြောလိုက်လို့မဖြစ်ဘူး။
အထူးသဖြင့် မမလေးဂျယ်နီ သိလို့မဖြစ်ဘူး။
အစ်ကိုကလည်း သိခံမှာမဟုတ်ဘူး။

" အစ်ကိုက အရင်ပြန်လိုက်ဖို့ လွှတ်လိုက်တာပါ
ဒီနေ့ သခင်လေးအယ်ရိုသင်တန်းကို လိုက်ကြည့်ရင်း
အရာရှိမိတ်ဆွေဟောင်းတွေနဲ့တွေ့ပြီး ကျန်နေခဲ့တာပါ "

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now