ep38

2K 293 29
                                    

မစ္စမာရင်းတို့အစီအစဉ်အတိုင်း ပွဲတော်ကို
စည်စည်ကားကားကျင်းပခဲ့သည်။
မြို့တော်က လူကုံထံအားလုံးနီးပါးက
ပွဲတော်ကို တက်ရောက်ပြီး ဂျွန်ဂျောင်ဂုအတွက် ချီးကျူးဂုဏ်ပြုပေးကြသည်။ စစ်တပ်က အရာရှိတွေတော်တော်များများလည်း
တက်ရောက် ဂုဏ်ပြုကြသည်။
တာဝန်ချိန်မရှိတဲ့ တပ်သားတချို့ကလည်း သူတို့ဗိုလ်ကြီးအတွက် လာရောက်
ဂုဏ်ပြုပေးခဲ့ကြကာ အချိန်အနည်းငယ်လောက် ပျော်ပါးစားသောက်ပြီးမှ ပြန်သွားကြသည်။

ပွဲတော်ချိန်မစခင် မနက်ကတည်းက အိမ်တော်ကလူတွေအားလုံးက
ကိုယ်စီအလုပ်တွေဖြင့် ရှုပ်ထွေးနေကြသည်။
သူတို့သည်လည်း ဧည့်ခံဖို့ရာ အလုပ်များနေကြသည်။
အားလုံးတွင် ဧည့်သည်အသီးသီးရှိကြသည်။
ဆော့ဂျင်တွင် စီးပွားရေးလောကက လူကုံထံ
လူကြီးဧည့်သည်တွေ။ မစ္စမာရင်းတို့သားအမိတွင်
မြို့တော်က ဂုဏ်သရေရှိအမျိုးသမီး‌တွေဖြင့်။

ဒီတစ်ခေါက်တွင်တော့ ဂျွန်ဂျောင်ဂုက
အရင်လိုနှင့်မတူ အရင်လို မိန်းကလေးဧည့်သည်တွေနဲ့
ရှုပ်ထွေးမနေတော့ဘဲ သူ့အရာရှိဧည့်သည်တွေကို
ဧည့်ခံရင်း သူနှင့်မလှမ်းမကမ်းတွင်သာ ရှိနေသည်။
ဒါပေမဲ့ မိန်းမပျိုလေးတွေကတော့
သူ့ကိုနှုတ်ဆက်ဖို့ ထက်ထက်သန်သန်ရှိနေကြတုန်းပါပဲ..
သူမြင်ရသလောက်တော့ မြို့တော်မှာ
သူနှင့်မသိကျွမ်းတဲ့ မိန်းကလေးဆိုတာ မရှိ။
လာရောက်နှုတ်ဆက်လာကြတဲ့
မိန်းမပျိုတွေအားလုံးက သူ့ကိုမတွေ့ရတာကြာပြီဖြစ်ကြောင်း
သူတို့ဆီလာမလည်တော့၍ စိမ်းကားနေပြီဖြစ်ကြောင်းနဲ့
လက်ဆောင်တွေရကြောင်း စသည့်ဖြင့်
ရှေးဟောင်းနှောင်းဖြစ်များ ပြောဆို‌လာကြသည်။

ထိုအချိန်မျိုးဆို ဂျွန်ဂျောင်ဂုတစ်ယောက်
ပခုံးတွေမြှောက်တက်ပြီး ဂုဏ်ယူလို့ရှိနေလိမ့်မည်။
သူပြောတယ်မလား ယောကျာ်းတွေရဲ့
ဂုဏ်ယူစရာကောင်းတဲ့အချက်မှာ 
မိန်းကလေးတွေကြားမှာ ဘယ်လောက်
ရေပန်းစားလဲပါ ပါတယ်ဆိုတာ.. သူကတကယ်ပဲ
ဂုဏ်ယူဖို့ရာလည်း ထိုက်တန်လွန်းနေပါပြီ။
သူ့ဘဝမှာ မိန်းကလေးတွေအတွက်
ဘယ်လောက်အချိန်ပေးခဲ့လဲဆိုတာက
သက်သေပါပဲ။ သူ့သက်တမ်းတစ်ဝက်လောက်က
မိန်းမတွေနဲ့ပဲ ကုန်ဆုံးနေခဲ့တာလေ..

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now