ep41

2.3K 262 41
                                    

ဆော့ဂျင် ထိုကိစ္စနဲ့ပတ်သက်ပြီးတော့
ထိုသားအမိကို အသုံးစရိတ်နဲ့ အပြင်ထွက်
သွားလာခွင့်ကို တစ်လပိတ်ပင်လိုက်သည်။
ဒါက သိပ်ကြီးလေးတဲ့အပြစ်ဒဏ်တော့ မဟုတ်ပေမဲ့
သူဘယ်လောက်အိမ်တော်မှာ အာဏာထိရောက်
လဲဆိုတာ ပြပေးလိုက်သည်။ သူတို့ကတော့
ဘယ်နာခံပါ့မလဲ သူထိုသို့လုပ်လိုက်တဲ့အတွက်
သူတို့က ဂျွန်ဂျောင်ဂုဆီ ပြန်တိုင်တန်းခဲ့ပေမဲ့
ဂျွန်ဂျောင်ဂုက တစ်ခွန်းတည်းပြောခဲ့တယ်
အိမ်တော်က လုပ်ပိုင်ခွင့်တွေအားလုံး ဆော့ဂျင်ကို ဆုံးဖြတ်နိုင်ခွင့်အပြည့်ပေးထားကြောင်းနဲ့
ဆော့ဂျင်က လုပ်ပိုင်ခွင့်အပြည့်ရှိကြောင်းသာ
အထိတလင်း ပြောကြားခဲ့သည်။ သူတို့
မကျေနပ်ပေမဲ့လည်း ငြိမ်နေရုံပဲပေါ့။

ဂျယ်နီကိုတော့ သူအပြစ်ပေးဖို့ အများကြီး
စဉ်းစားခဲ့ရတယ်။ ဘယ်လိုအပြစ်မျိုးက
သင့်တော်လဲ‌ဆိုတာ သူမတွေးမိခဲ့ဘူး။
ဂျယ်နီနဲ့သူနဲ့က ထိုကိစ္စကြောင့် ပိုသင့်မြတ်လာခဲ့တယ်
ဆိုပေမဲ့ ဂျယ်နီက သူအိမ်တော်မှာ မနေချင်တော့ဘူး
ဆိုတဲ့အကြောင်း ဖွင့်ပြောလာခဲ့သည်။
အဘက်ဘက်ကနေ စဉ်းစားကြည့်ရင်း
ဂျယ်နီအပြင်မှာနေဖို့ကို သူခွင့်ပြုလိုက်သည်။
မဟုတ်လည်း ဂျယ်နီက အရင်တည်းက
အိမ်တော်မှာနေချင်ခဲ့တာမှမဟုတ်တာ။
အခုကိစ္စနဲ့ပတ်သက်ပြီး သူလည်း ဂျွန်ဂျောင်ဂုနဲ့
မျက်နှာချင်းဆိုင်ဖို့ အဆင်မပြေဖြစ်‌နေမှာမလို့ သူခွင့်ပြုလိုက်သည်။

ထိုကိစ္စတွေဖြစ်ပျက်ပြီးနောက်ပိုင်း အိမ်တော်ရဲ့
နေ့ရက်တွေက ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြတ်သန်း
ခဲ့ရသည်။ အိမ်တော်မှာ သူ့အာဏာက သက်ရောက်
သည်ဆိုတော့ မစ္စမာရင်းတို့က အရင်ကလို
သူ့ကိုမလေးမစား ရန်လာမစရဲကြတော့ဘူး။
သူတို့ရန်လာမစတော့ အိမ်တော်က တော်တော်လေး
ငြိမ်းချမ်းလာသည်။ ဂျွန်ဂျောင်ဂုသည်လည်း
အိမ်တော်မှာပြန်လာနေသည်။ နေ့ခင်းနေ့လယ်
တွေမှာတော့ စစ်တပ်မှာရှိနေရပေမဲ့ ညပိုင်း
အိပ်ချိန်တွေမှာတော့ အိမ်တော်ကို ပြန်လာလေ့ရှိသည်။
ဒါပေမဲ့ သူ့အချိန်တော်တော်များများကတော့
အားလပ်နေသည်။ အချိန်တိုင်း မအားလပ်
ဖြစ်နေတာက သူပင်ဖြစ်သည်။ စက်ရုံနှစ်ခုအပြင်
တခြားလုပ်ငန်းတွေမှာပါ အစုဝင်အဖြစ်
ရင်းနှီးမြှုပ်နှံမှုတွေပါ ချဲ့တိုးပြုလုပ်နေ၍
အချိန်တိုင်းလိုလိုက အားလပ်မနေ။ အိပ်ချိန်တောင်
ဂျွန်ဂျောင်ဂုက အမြဲလိုလို အိပ်ရာထဲ
ဆွဲသွင်းနေတာကြောင့် ပုံမှန်အိပ်ရာဝင်ဖြစ်သည်။
မဟုတ်လျှင် သူအလုပ်စားပွဲကနေ မထဖြစ်နိုင်လို့
အိပ်ရေးပျက်နေတော့မည်စိုးရသည်။

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now