ep36

2.2K 331 71
                                    

" မာမီ သခင်လေးဂျွန်က သမီးတို့ကို
မယုံတော့ဘူး မာမီ သခင်လေးဂျွန်က
ဟိုအပျော်မယ်ကောင်အတွက်နဲ့ သမီးတို့ဘက်
မပါတော့ဘူး မာမီ သခင်လေးဂျွန် အဲဒီ
အပျော်မယ်ကောင်နောက် ပါသွားလို့မဖြစ်ဘူးနော်
မာမီတစ်ခုခုလုပ်အုံး "

" သမီးရယ် အဲလိုလည်း မဟုတ်သေးပါဘူး
ဟိုကောင်တစ်ခုခုလုပ်ထားလို့ပဲ ဖြစ်မှာပါ
သခင်လေးဂျွန်က မာမီတို့အပေါ် ဘယ်လောက်
ကောင်းလဲ အခုက တစ်ယောက်ယောက်
အရင်ဦးအောင် ချောက်ချထားလို့ပဲနေမှာ
အဲဒီအစေခံကောင်နဲ့ ကင်မ်ဆော့ဂျင်
နှစ်ယောက်ပေါင်းပြီး ကြံထားတာပဲနေမှာ
အမျိုးယုတ်ကောင် အောက်တန်းစား "

" မာမီ ဒီကိစ္စက ဒီလိုကျိန်ဆဲလိုက်ရုံနဲ့
ကျေနပ်နေလို့မရဘူးနော် အဲဒီအပျော်မယ်ကောင်က
သခင်လေးဂျွန်ကို ဘယ်လိုတွေသိမ်းသွင်းထားလဲ
မသိနိုင်ဘူး။ ပြောလို့မရဘူး.. မာမီ သမီး
သူပြန်ပေးဆွဲခံရပြီး စစ်တပ်က ပြန်လာကတည်းက
သံသယဝင်နေတာ သူနဲ့သခင်လေး တစ်ခုခု
ပတ်သက်နေလောက်ပြီးပြီထင်တယ်မာမီ
သမီး သခင်လေးဂျွန်နဲ့အဲအပျော်ကောင်ကိုတော့
ဒီအတိုင်းမလွှတ်ထားနိုင်ဘူးနော်!! မာမီတစ်ခုခု
စီစဉ်ပေး "

" သမီးရယ် သမီးမပူနဲ့ သခင်လေးဂျွန်ကို
အဲအကောင်မြူဆွယ်နိုင်အုံးတော့ ခဏပဲ
ဒုတိယသခင်လေးက သူ့လိုလူမျိုးနဲ့
ရေရှည်ပတ်သက်လိမ့်မယ်မထင်ပါဘူး
လွယ်လို့ပဲနေမှာ။ သမီးဘာမှအများကြီးတွေးပြီး
ပူပန်မနေနဲ့ "

မစ္စမာရင်းအတွေးက ရိုးရှင်းသည်။
သူမကများများစားစားကြီး မတွေးဘူး။
သခင်လေးဂျွန်လည်း သူတို့နှင့် တစ်ဂိုဏ်းတည်းသား
တစ်လှေတည်းစီးတွေလို့ပဲ ထင်မြင်ထားသည်။
သခင်လေးဂျွန်ဟာလည်း သူတို့လိုပဲ
ကင်မ်ဆော့ဂျင်ကို အမြင်ကြည်မှာ မဟုတ်ဘူးလို့ဘဲ
သူတို့စိတ်နဲ့နှိုင်းပြီး တွေးထားသည်။ တကယ်လို့
ပတ်သက်မှုတစ်ခုခု ရှိခဲ့ရင်တောင် လှည့်ကွက်
တွေပဲလို့ ထင်မြင်သည်။ သခင်လေးဂျွန်က
အဲဒီမျိုးရိုးနိမ့်အပျော်မယ်ယောကျာ်းကို
မျက်စိ‌ကျလိမ့်မည်မထင်။ ရွံရှာလို့ပင် နေလိမ့်အုံးမည်။

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now