ep30

2.1K 303 54
                                    

ဂျောင်ဂုက အစည်းအဝေးခန်းထဲမှာ
ပျင်းရိစွာ ထိုင်နေရသည်။ တစ်နေ့တစ်နေ့
ဆိုးရွားလာတဲ့ လုယက်သောင်းကျန်းဓားပြမှုကို အရာရှိလူအိုကြီးတွေက အထိအခိုက်နည်းပြီး အေးချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ရာ
ကြိုးစားနေကြသည်။ စစ်တပ်နဲ့ဘုရားကျောင်း
မှားနေတယ်ထင်ရပါ့ လက်နက်ကိုင်ဓားပြတွေကို
တရားနည်းဖြင့် လက်နက်ချနိုင်ဖို့ ကြိုးစားနေကြလေရဲ့..
ဒီဓားပြမှုက သူကိုင်တွယ်နေရပေမဲ့ အမိန့်နဲ့စည်းမျဉ်း
တွေကိုတော့ နာခံနေရတုန်း။ သူတို့တပ်ဖွဲ့က
လမ်းမကြီးဘေးတွေမှာ ကင်းပုန်းတွေချ
အလှည့်ကျကင်းလှည့်တာမျိုးလုပ်ထားပေမဲ့
ဓားပြတွေက လမ်းကြောင်းကျွမ်းကျင်မှုကြောင့်
ရှောင်ကျဉ်းနိုင်နေသေးသည်။ လက်ရှိ သူတို့
လက်ထဲတွင် ဓားပြအနည်းငယ် ဖမ်းဆီးရထားပေမဲ့
ထိုကောင်တွေကို ကိစ္စတုံးဖို့ရာတော့ မလုပ်နိုင်သေးဘူး။
အကြောင်းအရင်းကတော့ ဒီလူအိုကြီးတွေကြောင့်ပဲ
လူအိုကြီးတွေက ကိစ္စတစ်ခုဆုံးဖြတ်ချက်ချဖို့ကို
အလွန်ကိုမှ တွန့်ဆုတ်တွေဝေတတ်လွန်းသည်။
သူတို့က ဖမ်းဆီးထားတဲ့ဓားပြတွေနဲ့
သူတို့တည်နေရာဆီ လမ်းပြပြီး ခိုင်းစေခဲ့ပေမဲ့
ထိုဓားပြတွေက သူတို့ထက်လည်၍ လမ်းတွင်ပင် ထွက်ပြေးလွှတ်မြှောက်သွားခဲ့သည်။
ထို့ကြောင့် သူတစ်ခါတည်းကိစ္စမတုံးဘဲ
နေခဲ့မိတာကို နောင်တရနေမိသည်။
ဒီလူတွေကတော့ အခုထိ နောင်တမရတတ်သေးဘဲ
စကားများငြင်းခုံနေကြတုန်း..

သူတို့အကြီးအကျယ်ဆွေးနွေးနေကြတာကို
သူကတော့ ငိုက်မြည်းလျက်ရှိနေပြီး
တစ်စုံတစ်ရာမှလည်း ဝင်ပြောချင်စိတ်မရှိ။
ထိုအချိန် အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ
ဖြစ်နေကြတော့ လူအိုကြီးတွေလည်း
ငြင်းခုံနေရာက ရပ်သွားပြီး အသံတိတ်သွားကြကာ ဆူဆူညံညံဖြစ်ရာဆီ အာရုံရောက်သွားကြသည်။

" ဘာဖြစ်နေကြတာလဲ! "

သူတို့ထဲက အရာရှိတစ်ယောက်က
အနည်းငယ်အမျက်ထွက်စွာ လှမ်းမေးလိုက်သည်။

" ဒီမှာအရေးကြီးတဲ့ ကိစ္စတချို့ဆွေးနွေးနေတာ
မသိဘူးလား ဘာလို့ဆူညံနေရတာလဲ "

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now