ep35

2.1K 309 122
                                    

ဒီနေ့စက်ရုံပိတ်ရက်ဖြစ်တာကြောင့်
သူပုံမှန်ထက် နည်းနည်းပိုအိပ်လိုက်မိသည်။
ညတုန်းကလည်း သူနောက်ကျမှ အိပ်ရာဝင်ခဲ့၍
ဒီနေ့က ပိတ်ရက်ဖြစ်တာကြောင့် နည်းနည်းပိုအိပ်ဖို့ရာ
အိပ်ရာထဲတွင် ခဏလောက်ရှိနေခဲ့သည်။
သူအိပ်ရာဝင်နောက်ကျရတဲ့အကြောင်း
တွေးမိတော့ အိပ်ရာနိုးစငြိမ်သက်နေတဲ့
သူနှလုံးခုန်သံတွေက လှုပ်ရှားလာသလိုတောင်
ခံစားရသည်။ သူခုန်ပေါက်နေတဲ့ ရင်ဘတ်အစုံကို
ဖိကိုင်ထားရင်း မနေ့ကညဆီက အကြောင်းအရာတွေက
ခေါင်းထဲအပြည့် နေရာယူလာခဲ့သည်။

သူတို့အချိန်အကြာကြီးနေမှ ထိုနေ့က
ဖြစ်ပျက်ခဲ့တဲ့ သူတို့ကြားက အဖုအထစ်ကို
ဖြေရှင်းခဲ့ကြသည်။ သူကတော့ အဲတုန်းက
သူတို့ပါ အဲဆိုင်မှာ အတူရှိနေခဲ့တယ်ဆိုတာ
အယ်ရိုဆီက သိရပြီးနောက်ပိုင်း သူထိုကိစ္စကို
စိတ်ထဲသိပ်မရှိတော့ဘူး။ ဂျွန်ဂျောင်ဂုက
မျက်စိနဲ့ကိုယ်တိုင်မြင်ပြီး ဘေးကစကားတွေကြောင့်
သူ့ကို စွပ်စွပ်စွဲစွဲ ပြောခဲ့တာက ဖြစ်နိုင်တာပဲ
ဒါကြောင့် အခုကိစ္စတွင်လည်း
အဲလိုမဖြစ်ရအောင် သူကအရင်
အသိပေးဖို့ ဆုံးဖြတ်ခဲ့လိုက်သည်။ ဒီကိစ္စတွင်
ကြားလူက ရှိနေပြီမလို့ သူတို့ကြားတွင်
လက်ထောက်ကိန်းဝပ်ပြဿနာ မတက်ရလေအောင်လို့
သူ့ဘက်က အရင် အသိပေးဖို့ ‌လုပ်လိုက်တာပဲ။
မထင်မှတ်ဘဲ သူတို့ကြားက ကိစ္စဟောင်း
အကြောင်းကို နားလည်မှုရသွားလိမ့်မယ်လို့တော့ တကယ်မတွေးမိခဲ့။

တကယ်တော့ သူတို့က ပြဿနာကို
ဖြေရှင်းဖို့မတွေးဘဲ ရှောင်ပြေးဖို့ကိုပဲ ရွေးချယ်ခဲ့ကြတယ်လို့ထင်ပါရဲ့။
အဲတုန်းက သူ့ဘက်က တုံ့ပြန်မှုကလည်း
တော်တော်ပြင်းထန်ခဲ့သည်။ သူအဲတုန်းက
ခံစားချက်တွေ လှည့်စားခံလိုက်ရသလို
သစ္စာဖောက်ခံလိုက်ရသလိုမျိုး ခံစားလိုက်ရပြီး
ကိုယ့်ကိုယ်ကိုယ်သူများလှည့်စားတာ
ခံလိုက်ရသည်အထိ ထုံအ,နေရသလားဆိုတဲ့
ခံစားချက်မျိုးစုံနဲ့ ခံပြင်းဒေါသတွေထွက်ပြီး
သူ့ခံစားချက်တွေကို ချိုးနှိမ်ဖို့ရာနဲ့ ကိုယ့်ကိုယ်ကိုယ်
အပြစ်ပေးဖို့ရာ စကားလုံးကြမ်းတွေနဲ့
ဖိနှိပ်တာကိုလည်း ခံယူခဲ့တယ်။ အဲတုန်းက
သူဘာကိုမှ များများစားစား မတွေးနိုင်ခဲ့ဘူး။

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now