ep1

3.4K 339 42
                                    

နေ့တစ်နေ့ရဲ့ မနက်ခင်းက နေ့စဉ်မြင်နေကြ
မြင်ကွင်းတွေအတိုင်းပါပဲ။ အိမ်တော်ထဲက
အလုပ်သမားတွေက နေ့စဉ်တာဝန်တွေကို
လုပ်နေကြအတိုင်း မပျက်မကွက်
လုပ်ဆောင်နေကြသည်။ သူလည်း ‌
နေ့စဉ်လုပ်နေကြအတိုင်း စက်ရုံသွားဖို့နှင့်
မနက်စာစီမံခန့်ခွဲဖို့အတွက် အိပ်ရာမှ
နိုးထနေပြီဖြစ်သည်။ အချိန်အားဖြင့်
ခြောက်နာရီက သူထနေကြအချိန်ဖြစ်သည်။
ခြောက်နာရီလောက်က အိပ်ရာကနိုးမှ
အိမ်တော်အတွက် လိုအပ်တာတွေမှာကြားရင်း
စက်ရုံကို ရှစ်နာရီလောက် ရောက်နိုင်မှာ..
ဒါက သူ့ပုံမှန်တစ်နေ့တာပါပဲ..

တကယ်လို့ လွန်ခဲ့တဲ့နှစ်နှစ်လောက်က
သူ့ပုံမှန်တစ်နေ့တာဆိုရင်လည်း ဒီလိုပဲ
ဖြစ်နေအုံးမယ်ထင်တယ်။ မနက်ငါးနာရီထပြီး
ဂေဟာရဲ့သန့်ရှင်းရေးကို ဦးဆောင်စစ်ဆေးမယ်
ပြီးရင် အကျွေးအမွေးနေရာမှာ စီမံခန့်ခွဲမယ်
လူဦးရေအဝင်အထွက်နဲ့ ဝင်ငွေထွက်ငွေ
စီမံခန့်ခွဲရမယ် ဒါတွေက သူတစ်နေ့တစ်နေ့
လည်ပတ်နေတဲ့ လုပ်ငန်းဆောင်တာတွေပဲ..

ဝန်ကြီးချုပ်ဂျွန်နဲ့လက်ထပ်ပြီးနောက်
သူကဂျွန်အိမ်တော်ရဲ့အရေးပါတဲ့သူတစ်ယောက်
ဖြစ်လာတဲ့အခါမှာတော့ သူ့အလုပ်တွေ
ပိုပိုတိုးလာခဲ့သည်။ ဒါပေမဲ့ အလုပ်လုပ်နေရတာကို
သဘောကျပါသည်။ အထူးသဖြင့် သူဖြစ်ချင်တဲ့
ရည်ရွယ်ချက်တွေအတွက် မအားမလပ်
လုပ်နေရတာမျိုးပေါ့..
အခုချိန်မှာ ဂေဟာကိုတော့ ယုံကြည်ရတဲ့
လက်ထောက်နဲ့ လွှတ်ထားနိုင်ပြီမလို့
သူ့လုပ်ငန်းအသစ်ဖြစ်တဲ့ စက်ရုံအလုပ်ကိုသာ
အာရုံစိုက်နေရသည်။ စက်ရုံအသစ်ကို
သူ့အမျိုးသား ဝန်ကြီးချုပ်ဂျွန်အရှိန်အဝါနဲ့
စတင်ခဲ့ပြီး အခုချိန်မှာ သူ့ရဲ့အရှိန်အဝါ
ကြီးမားတဲ့အမျိုးသားက ဆုံးပါးသွားပြီမလို့
သူကသာ တစ်ခုခုမချွတ်ချော်ရအောင်
အရင်ကထက် နှစ်ဆအားစိုက်ထုတ်ထားရသည်။

ဝန်ကြီးချုပ်ဂျွန်က ကျန်းမာရေးကြောင့်
လွန်ခဲ့တဲ့ခုနစ်လလောက်ကပဲ ဆုံးပါးသွားခဲ့တယ်။
ပတ်ဝန်းကျင်မှာ ဝန်ကြီးချုပ်သေဆုံးမှုနဲ့
ပတ်သက်ပြီး အတင်းအဖျင်းများစွာလည်း
ထွက်ပေါ်နေသည်။ ဝန်ကြီးချုပ်ဂျွန်က
သူ့လိုနိမ့်ကျတဲ့မျိုးရိုးကို တရားဝင်လက်ထပ်ကတည်းက
အတင်းအဖျင်းများစွာ ထွက်ပေါ်လာသည်။
သူလည်း ဝန်ကြီးချုပ်သူ့ကို အတည်လက်ထပ်
ယူလိမ့်မယ်လို့ မထင်မှတ်ထားခဲ့။
သူ့မူလရည်ရွယ်ချက်က ဂေဟာမြေအပိုင်ရဖို့
တစ်ခုတည်းပါပဲ.. သူ့မှာတခြားရည်ရွယ်ချက်တွေ
ရှ်ိနေခဲ့ပေမဲ့ ဝန်ကြီးချုပ်က မရိပ်မိခဲ့လေသလား
ပတ်ဝန်းကျင်အပြောတွေကို နားမယောင်ခဲ့လေသလား
သူဟာ ဝန်ကြီးချုပ်ရဲ့ တရားဝင်ဇနီးမယား
ဖြစ်လာခဲ့သည်။

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now