ep32

2.1K 315 31
                                    

ပြန်ရောက်တာနဲ့ ဖမ်းဆီးထားခဲ့တဲ့ဓားပြတွေကို
သူ့တပ်သားတွေကို ဖမ်းဆီးစေခဲ့ဖို့ ညွှန်ကြားလိုက်သည်။
ဓားပြတွေကို ဖမ်းဆီးထိန်းသိမ်းလာပြီးနောက်
အကျဉ်းထောင်ထဲ အရင်ဆုံးချထားလိုက်ပြီး
ရရှိထားတဲ့ ပစ္စည်းတွေကိုလည်း ယာယီ
ထိန်းသိမ်းထားလိုက်သည်။ ထိုအကြောင်းတွေက
စစ်တပ်တွင် ညတွင်းချင်းတော်တော်လေး
ဂယက်ထသွားခဲ့သည်။ သတင်းတွေက
တစ်စကနေတစ်စ စစ်တပ်တစ်ခုလုံးကို
ပျံ့နှံ့သွားခဲ့သည်။ ကင်မ်ဆော့ဂျင်ဓားပြတွေဆီက
ပြန်ပေးဆွဲခံရသည်နှင့် သူသည်လည်း
ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာဆွေးနွေး
ညွှန်ကြားချက်မှ မလုပ်ဘဲ အစီအစဉ်မရှိ
တစ်ကိုယ်တော်သွားရောက်နှိမ်နင်းခဲ့သည်က
သူထွက်သွားပြီးနောက် စစ်တပ်ထဲတွင်
အကုန်အုတ်‌ဩသောင်းနင်းဖြစ်ကုန်သည်။

သူပြန်လာတော့ သူ့နောက်လိုက်ပြီး တပ်ဖြန့်ရှာဖို့
တပ်သားတွေကို အဆင်သင့်ပြင်ထားတာကို
မြင်လိုက်ရသည်။ အစီအစဉ်မရှိဖြစ်သွားတဲ့အတွက်
အရာရှိလူအိုကြီးတွေရဲ့ ဆူပူခြင်းကိုလည်း
နားပူအောင် ခံလိုက်ရသေးသည်။ သူကတော့
လုပ်ချင်ရာလုပ်ခဲ့ပြီးပြီဆိုပြီး ငြိမ်ခံနေမည်
ထဲတွင်တော့မပါ။ လူအိုကြီးတွေနဲ့ အပြိုင်အဆိုင်
ငြင်းခုံနေခဲ့ပြီးနောက် အားလုံးကို တာဝန်ယူမည်
ဖြစ်ကြောင်း ပြောကြားပြီး စကားဝိုင်းကို
အဆုံးသတ်ခဲ့သည်။

သူထိုညတွင်းချင်းပဲ ကိစ္စတချို့ကို
အဆုံးသတ်ပြီးနောက် အစီရင်ခံစာကို
ရေးသားပြီးစီးချိန်တွင် အလင်းရောင်
ထွက်ပြုစပြုလာပြီ။ သူအညောင်းအနည်းငယ်
ဆန့်ထုတ်ပြီးနောက် ကင်မ်ဆော့ဂျင်ရှိရာဆီသို့
ရောက်လာခဲ့သည်။ ကင်မ်ဆော့ဂျင်က
တစ်လမ်းလုံးအိပ်ပျော်လာခဲ့ပြီး ပြန်ရောက်သည်အထိ
တစ်ချက်မှနိုးမလာခဲ့။ တအားတွေ အိပ်ရေး
ပျက်နေတာထင်ပါရဲ့.. သူဒဏ်ရာရထား
ခြေထောက်ကို စစ်ဆေးကြည့်လိုက်ပြီးနောက်
နောက်တစ်ကြိမ်ဆေးပြန်လိမ်းပေးပြီး
နှိပ်နယ်ပေးလိုက်တော့ အသံသေးသေးလေးတွေ
ထွက်ကာ ညည်းညူလာခဲ့သည်။
သူဆေးလိမ်းပြီးနောက် ကင်မ်ဆော့ဂျင်
အိပ်ပျော်နေခဲ့တာကို ခဏမျှ ကြည့်နေခဲ့ပြီး
သူလည်းခဏလောက်အနားယူဖို့ရာ
စဉ်းစားမိရင်း ဘေးတွင် ဝင်လှဲလိုက်သည်။

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now