ep18

2.2K 268 29
                                    

ဆယ်နာရီကျော်တော့ အိမ်တော်ထဲ
ကားအချက်ပေးသံနှင့်အတူ မီးရောင်တချို့
လှမ်းမြင်လိုက်ရသည်။ ဆော့ဂျင် ဂျယ်နီ့ကို
စိတ်မချလို့ စောင့်နေခြင်းဖြစ်သည်။ အစက
သူနှင့်အတူ မစ္စမာရင်းလည်း အတူရှ်ိနေပေမဲ့
သူက သူ့သမီးကို စိတ်မချလို့ စောင့်နေခြင်း
မဟုတ်ဘဲ ဆော့ဂျင်နဲ့ သက်သက်ရန်ဆောင်ချင်၍
စကားမရှိစကားရှာ စောင်းချိတ်ပြောဆိုနေသည်။
သူက ဟယ်လင်နဲ့ဂျွန်ဂျောင်ဂုအကြောင်းကို
သက်သက်ကြီးလာပြောပြကာ ကြွားဝါနေသည်။
ဂျွန်ဂျောင်ဂုနဲ့ ဘယ်လိုရင်းနှီးတာ
ဘယ်လိုအရေးပေးခြင်းခံရတာ 
ဘယ်လိုတန်ဖိုးကြီးလက်ဆောင်တွေပေးပြီး ချဉ်းကပ်နေတယ်ဆိုတာတွေကို သူ့ကို မထိတထိ
လာပြောပြနေသည်။ သူဖြင့်စိတ်မဝင်စားပါ
အပေါ်ယံတွေဆိုတာ သိနေပြီးသားမလို့
သူတို့သာ ဘာတွေနဲ့ဖုံးကွယ်ထားလို့ ဂျွန်ဂျောင်ဂုရဲ့
စိတ်ရင်းတွေကို မမြင်နိုင်ကြတာလဲ အံ့ဩတယ်
ငွေမျက်နှာ၊ဂုဏ်မျက်နှာက အဲလောက်တောင်ကြီးလား
ဂျွန်ဂျောင်ဂုကပဲ ဟန်ဆောင်ကောင်းနေလား
သူတို့ဂျွန်ဂျောင်ဂုကိုဆို ဘုရင်တစ်ပါးလို
ကိုးကွယ်နေကြတာ..

" ကိုကို.. မအိပ်သေးဘူးလား အခုထိ
ဂျယ်နီတို့ကို စောင့်နေတာလား.. "

" အင်း.. အိပ်မပျော်လို့.. ဂျယ်နီ့တို့ကိုလည်း
စောင့်ရင်း.. ပြဇာတ်က ပျော်ဖို့ကောင်းခဲ့ရဲ့လား.. "

" ကောင်းတယ်ကိုကို ဈေးပွဲတော်လျှောက်ပတ်ရင်း
ဂျယ်နီလက်ဆောင်တွေ ဝယ်လာခဲ့သေးတယ်
ကိုကို့အတွက်ရော ပါတယ် ပြီးတော့..
သခင်လေးဂျွန် လက်ဆောင်တွေအတွက်
ကျေးဇူးတင်ပါတယ် "

ဂျယ်နီက လက်ထဲက လက်ဆောင်အိတ်တွေ
ကြည့်ရင်း နောက်နားကနေ ဝင်လာတဲ့
ဂျွန်ဂျောင်ဂုကို လှမ်းပြောလိုက်သည်။
ဂျွန်ဂျောင်ဂုနဲ့လက်ထောက်ကလည်း
လက်ထဲ လက်ဆောင်အိတ်တွေသယ်ရင်း
ဝင်လာကြသည်။

" ဟယ်လင်လည်း ကျေးဇူးတင်ပါတယ်
ဒီလက်ဆောင်တွေကိုလည်း သခင်လေးဂျွန်ပေးတဲ့
တခြားလက်ဆောင်တွေလိုပဲ အမြတ်တနိုး
တန်ဖိုးထားပါ့မယ် "

ဂျယ်နီကျေးဇူးတင်စကားပြောတဲ့အခါ
ဟယ်လင်သည်လည်း အားကျမခံ ပြန်ပြောသည်။
သူမက ပိုပိုသာသာပင် အရင်ကရခဲ့ဖူးတဲ့
လက်ဆောင်တွေအကြောင်းပါ ထည့်ပြောပြီး
လက်ရှိပန်ဆင်ထားတဲ့ လည်ပင်းက
လည်ဆွဲလေးကိုလည်း ထိကိုင်ကြည့်ရင်း
သိသိသာသာ ကြွားလုံးထုတ်နေသည်။

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now