ep44

1.8K 318 57
                                    

ခရီးကပြန်ရောက်ပြီးနောက်ပိုင်း
ကိုယ်စီအလုပ်တွေဖြင့် ရှုပ်ထွေးသွားကြပြန်သည်။
အခုချိန်မှာ ဂျွန်ဂျောင်ဂုက သူ့ထက်ပင်
ပိုအလုပ်များနေလောက်သည်ထင်သည်။
သူတို့အတူရှိနေကြတုန်း စစ်တပ်က
အရေးတကြီးဝင်လာတဲ့ဖုန်းဖြေပြီးနောက်
အလောတကြီးထွက်သွားခဲ့တာ အခုဆိုရင်
အိမ်တော်မှာပြန်မအိပ်တာ တစ်ပတ်မက
ရှိရောပေါ့။ သူပြန်မလာပေမဲ့ တယ်လီဖုန်းနဲ့
အဆက်အသွယ်တော့ မပြတ်ဘူး။
သူ့ရဲ့တစ်နေ့တာ လုပ်ငန်းဆောင်တာနှင့်
ဘယ်သွားဖို့ရှိသေးလဲ စတဲ့ အခြေခံအချက်အလက်
တချို့ကို အချင်းချင်းဖလှယ်ခဲ့ကြသည်။
သူကမအားပေမဲ့ အရေးကြီးကိစ္စဖြစ်စေ၊
အဝေးသွားရမည့်ကိစ္စတွေမှာဆို သူ့ကို
အသိပေးဖို့ရာ ပြောတတ်သည်။
ဆော့ဂျင် သူ့အလုပ်တွေကို နားမလည်ပေမဲ့
တစ်ခါတလေသူက အလုပ်ရှုပ်နေလျက်ကြားက
ဆော့ဂျင်သွားရမည့်နေရာတွေကို
လိုက်လံပို့ဆောင်ပေးတတ်သည်။
ဒါပေမဲ့ အိမ်တော်ကို ပြန်လာဖို့ကြတော့
မအားပြန်ဘူး။ သူသွားမည့်နေရာတချို့
လိုက်လံပို့ဆောင်ပေးပြီးလျှင် ပြန်သွားတတ်သည်။
မအားရင်လည်း သူ့ဘာသာ ကိန်းဝပ်နဲ့
အတူသွားမယ်ဆိုလည်း မဟုတ်ပြန်။
သူအားပုံအားနည်းကို နားမလည်နိုင်တော့။

ခါတိုင်းနေ့တွေအတ်ိုင်းပဲ သူအိပ်ရာက
နိုးလာတော့ သူ့ဘေးက လစ်လပ်နေတဲ့
နေရာ‌လေးဆီ ကြည့်လိုက်မိသည်။
သူပြန်မအိပ်တာသိပေမဲ့ အကျင့်ပါချင်နေတဲ့
မျက်လုံးတွေက နိုးလာတိုင်း ကြည့်နေမိသည်။
ဒီနေ့တော့ သူတစ်နေရာကို သွားစရာရှိ‌နေသည်။
ထိုအကြောင်းကိုတွေးမိတော့ သူဂျွန်ဂျောင်ဂုကို  အသိပေးရအုံးမည်လို့ တွေးရင်း ပြုံးလိုက်မိသည်။ ကြည့်ရတာ လိုက်ချင်မယ်ထင်တာပဲ။
ဆော့ဂျင်သူ့ပုံစံကို မြင်ယောင်ကြည့်လို့တောင်ရတယ်။
သူရဲ့အလိုမကျသလို မှုန်ကုတ်ကုတ်ကြီးလုပ်ပြီး ကလေးတွေလို စကားနိုင်လုပြောနေမည့်ပုံကို မြင်ယောင်ကြည့်ရင်း သူနှစ်နှစ်ခြိုက်ခြိုက်
ပြုံးနေမိသည်။

တစ်ယောက်တည်းနေတာများ၍
မည်သူနှင့်မျှ အချစ်အမုန်းခံစားချက်
မထားတတ်တဲ့သူက အခုဆိုလျှင်
တစ်ယောက်တည်းအတွေးတွေဖြင့်တောင်
ပြုံးတတ်နေပြီ။ သူ့အကြောင်းစဉ်းစားမိရုံနှင့်
ခံစားချက်မျိုးစုံ ခံစားတတ်နေပြီ။
သူနှင့်စသိကတည်းက ဆော့ဂျင်တစ်ခါမှ
မျက်နှာပေါ်မတင်ဖူးတဲ့ ဒေါသ၊အလိုမကျတဲ့အခါ
တွန့်ချိုးနေတတ်တဲ့မျက်ခုံး၊သုန်သုန်မှုန်မှုန်အကြည်၊သဘောကျနှစ်ခြိုက်တဲ့အပြုံး၊ကြည်ကြည်နူးနူးရယ်သံလွင့်လွင့်၊ အားလုံးက
သူနဲ့ကျမှ သူ့ခံစားချက်တွေက ပေါ်လာခဲ့တာ။

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now