ep6

2.3K 295 40
                                    

ဒီနေ့ အိမ်တော်ကလူတွေ ပုံမှန်ထက်
အလုပ်ရှုပ်လို့နေကြသည်။ သူနိုးလာတော့
အလုပ်သမားတွေက ကိုယ်စီအလုပ်တွေရှုပ်လို့ အရှေ့ဝင်အနောက်ထွက် ရှိနေကြသည်။
ခြံဝန်းထဲတွင်လည်း မြက်ရိတ်တဲ့သူနဲ့
နွယ်သတ်တဲ့သူနဲ့ ပျိုးဥယျာဉ်မှာ
ရွက်ဝါချွေတဲ့သူနဲ့ အကြာကြီးနေမှ
အိမ်တော်တစ်ဝန်းလုံး သန့်ရှင်းရေး
ပြန်လုပ်ဖြစ်တော့ အလုပ်များနေသည်။
အိမ်တော်ရဲ့ ခြံသန့်ရှင်းပြုပြင်ရေးက
များသောအားဖြင့် အိမ်တော်မှာ
ပွဲတစ်ခုခုရှိမှသာ မွမ်းမံလေ့ရှိသည်။
ဝန်ကြီးချုပ်ဆုံးသွားပြီးကတည်းက
အိမ်တော်မှာ ပွဲမလုပ်ဖြစ်တော့တာ..

အခုကား ဒုတိယသခင်လေးကို
ကြိုဆိုဖို့ပင်။ မနေ့တည်းက မစ္စမာရင်းက
ဂျွန်ဂျောင်ဂုပြန်လာမည်ဖြစ်ကြောင်းကို
အိမ်တော်အလုပ်သမားများအားလုံးကို
စုဝေးစေပြီး အသိပေးသည်။ တာဝန်တွေကို
ခွဲဝေပြီး ဘယ်တုန်းကမှ လှည့်မကြည့်တဲ့
အိမ်တော်က တာဝန်တွေကို စီမံနေသည်။
သူက သူ့ကိုပါ အောင်နိုင်သူတစ်ယောက်လို
ပခုံးပင့်ရင်ဆိုင်ပြီး သူတို့ဘက်တွင်
သခင်လေးဂျွန်ရှိနေပြီဆိုတာ ပြသလျက် အသေးစားခြယ်လှယ်မှုတွေပါ ပြုလုပ်ကာ
ဂုဏ်ဖော်နေသည်။ သူကတော့
သာမန်တုံ့ပြန်မှုတစ်ခုသာ ပေးလိုက်သည်။
သူတို့လုပ်ချင်တာအတွက် ဘာလို့ဝင်စွက်ဖက်
နေရမှာလဲ.. ဂျွန်ဂျောင်ဂုဘယ်သူ့အတွက်ကြောင့်ပဲ
ပြန်လာလာ သူ့ရည်ရွယ်ချက်ကိုတော့
ဖြစ်မြောက်အောင် အကောင်အထည်ဖော်ရမည်ပဲ။
ဂျွန်ဂျောင်ဂုသူ့ဖိတ်ခေါ်မှုကိုလည်း ငြင်းဆန်မယ်
မထင်ပါဘူး။ သူစိတ်ဝင်စားလောက်မဲ့ ငါးစာ
အကြီးကြီးချထားသည်ပဲ..

တစ်အိမ်လုံးက မစ္စမာရင်းရဲ့ စေခိုင်းမှုအောက်တွင် အလုပ်များနေကြသည်။ မစ္စမာရင်းက
ဂျွန်သခင်လေးကသာ အိမ်တော်ရဲ့အရှင်သခင်
ဖြစ်ကြောင်းကို မကြာခဏ လောဆော်သတိပေးနေပြီး
သူကြားအောင်ပါ ပြသနေသည်။ သူ့ကိုမြင်လိုက်ပြီဆို
ပိုလိုပင် အသံကျယ်လောင်လာသည်။
သူကတော့ အလုပ်မသွားဘဲနေမှာမလို့
အိမ်မှာပဲသာ အလုပ်ယူပြီး
အိမ်မှာယူလုပ်ဖို့ စီစဉ်ထားသည်။
မစ္စမာရင်းရဲ့ စောင်းမြောင်းဂုဏ်ယူသံတွေကို
လျစ်လျှူရှုရင်း အလုပ်ထဲသာ
အာရုံပို့ထားလိုက်သည်။ ဒါတောင်
တစ်ချက်တစ်ချက် ဂျွန်အယ်ရိုကို
စည်းရုံးသွေးဆော်နေတာမျိုး ကြားနေသေးသည်။

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now