ep49

1.6K 314 66
                                    


အခုဆိုရင် စစ်ပွဲသတိ‌ပေး ကြေညာချက်
ထုတ်ထားတာ ငါးရက်မြှောက်နေ့ ရှိသွားပြီ။ ငါးရက်မြှောက်နေ့တွင် ဂျွန်ဂျောင်ဂုက အိမ်ပြန်လာခွင့်ရခဲ့သည်။ သူပြောတာတော့
စစ်မြေပြင်ဆီ မထွက်ခွာခင် မိသားစုနှင့်
နှုတ်ဆက်ဖို့ အချိန်တချို့ပေးထားသည်တဲ့။
ထိုအခါ သူသူ့အိမ်ရောက်နေတဲ့ စစ်သားတွေ
အတွက် စဉ်းစားမိပြီး သူတို့ရော မိသားစုကို
နှုတ်ဆက်ဖို့မလိုဘူးလား တွေးမိသည်။
ထိုအခါမှ သူသိလိုက်ရသည်က
လက်အောက်ခံတပ်သားတွေကို
စစ်ပွဲကြေညာချက် မတိုင်မီတည်းက
အားလပ်ရက်ရှည် ပေးထားပြီးပြီတဲ့။
စစ်ပွဲအကြောင်းကိုတော့ မသိစေဘဲ
ဒီအတိုင်း အားလပ်ရက်အနေနဲ့
အချိန်ဖြုန်းပြီး ပြန်လာရသည်တဲ့။

နောက်ထပ်သိလိုက်ရတာက သူလည်း
ရှေ့လတွေတုန်းက အားလပ်နေတဲ့ ထိုရက်တွေဟာ
ဒီအတွက်ဆိုတာ သိလိုက်ရသည်။
သူအခုမှ သိလိုက်ရတော့ နောင်တရချင်သွားသည်။
အဲတုန်းက သူအလုပ်ကရင်း အလုပ် မဲနေတာ
သူမှတ်မိသေးသည်။ သူ့ကိုလည်း အားလပ်နေတယ်
ဆိုပြီးတောင် အပြစ်ရှာခဲ့သေးသည်။
အခုလို အဖြစ်မှန်ကိုသိခဲ့ရင် သူအလုပ်တွေကို
ပစ်ထားခဲ့ပြီး သူနဲ့ပျော်ပျော်ကြီး အချိန်ဖြုန်း
နေခဲ့မိမယ်ထင်တယ်။ အခုတော့ သူသူ့ရှေ့
ကိုယ်တိုင်ရောက်ပြနေတာတောင် မပျော်နိုင်။
ဘယ်အချိန်ဘယ်အထိ ဘယ်လိုတွေနေပြီး
ဘယ်လောက်ထိကြာအုံးမလဲဆိုတာ
မသိရဘဲ သူဘယ်လိုများ ပျော်ရမလဲ..
သူကတော့ ဘာမှဖြစ်မနေသည့်အလား
သာမန်နေ့ရက်တွေအတိုင်းသာ သူ့ကိုမြင်နေရသည်။
တကယ်ပဲ သူစစ်တိုက်ထွက်ရမှာကို
ဘယ်လိုမှမနေတာလား..

" မင်း.. အဲဒါဘယ်တော့လဲ ..
ဘယ်အချိန်ထိ နားရက်ရတာလဲ "

" ဒီနေ့ တစ်ရက်တည်း.. အရုဏ်တက်ချိန်ဆို
ပြန်သွားရတော့မှာ "

" ဟုတ်လား.. "

အချိန်ဘယ်လောက်မှ မလိုတော့ဘူးဆိုတာ
သိလိုက်ရတော့ သူဘာပြန်ပြောရမှန်းမသိတော့။
သူ့ခံစားချက်တွေက ဟိုးအောက်ဆုံးမှာ
ရောက်နေပြီ။ မနက် နေထွက်ရင်ပဲ
သူကအိမ်တော်မှာရှိတော့မှာ မဟုတ်ဘူးဆိုတာ
တွေးမိလိုက်တော့ ရင်ထဲတင်းကြပ်လာသည်။

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now