ep20

2.6K 288 44
                                    

သူတို့ စစ်တပ်ထဲက အဆောင်တစ်ခုဆီ
ရောက်နေတာဖြစ်သည်။ သေနတ်ပစ်
လေ့ကျင့်ရေးကွင်းထဲတွင် အပြင်းအထန်
နမ်းရှိုက်ခဲ့ပြီးတော့ ဂျွန်ဂျောင်ဂုသူ့ကို
တစ်နေရာဆီသို့ ဦးတည်ခေါ်လာခဲ့သည်။
စိမ်းသက်နေတဲ့ သူတို့နှစ်ယောက်ကြားတွင်
သူစတင်နမ်းရှိုက်လိုက်တဲ့အခါ အခြေအနေတွေက
ခုနကကဲ့သို့ စိမ်းသက်မနေတော့ဘဲ သူတို့
အနေအထားတစ်ခုဆီ ရောက်လာခဲ့သည်။
သူတို့ခန္ဓာကိုယ်တွေသည် တစ်ယောက်နှင့်တစ်ယောက်
ထိကိုင်နမ်းရှိုက်ရုံနှင့်ပင် ပူလောင်လာပြီး
ပြင်းပြတဲ့စိတ်ဆန္ဒနှင့်အတူ နှိုးဆွခြင်းခံလိုက်ရသည်။
သူတို့ရဲ့အရေးပေါ်လိုအပ်နေတဲ့ စိတ်ဆန္ဒကြောင့်
ဂျွန်ဂျောင်ဂုက သူ့ကို စစ်တပ်က
အဆောက်အဦးတစ်ခုဆီသို့ ခေါ်လာခဲ့သည်။

" ဒါက ကျုပ်တာဝန်ထမ်းဆောင်ရမဲ့
ရုံးခန်းနဲ့ တွဲလျက်နေအိမ်အဆောင်ပဲ.. "

ဆော့ဂျင်အိမ်ထဲအခြေအနေကို
လှည့်ပတ်ကြည့်လိုက်သည်။
ဘာအပြင်အဆင်မှ မလုပ်ရသေးပေမဲ့
အဆောက်အအုံပုံစံနှင့် အနေအထား
အကျယ်အဝန်းက တော်တော်လေး
ကောင်းမွန်သည်။

" ဟမ်း.. ကျုပ်ရဲ့တာဝန်ကျတဲ့နေရာမှာ
မရီးနဲ့ ဒီလိုမျိုးကိစ္စတွေ လုပ်ရလိမ့်မယ်လို့တောင်
မတွေးရသေးဘူး လက်တွေ့ဖြစ်လာတော့မယ်..
မဟုတ်မှ မရီးက ကျုပ်ထက်အရင်
အတွေးရှိနေခဲ့တာများလား.. "

ဆော့ဂျင် သူ့ကိုလျစ်လျှူရှုလိုက်ပြီး
အခန်းအတွင်းသို့ ဝင်လာခဲ့သည်။
သူဒီနေ့မှ ထူးထူးခြားခြား သူပြောတဲ့
အိပ်ရာပေါ်က အရှက်မရှ်ိစကားတွေကို
စိတ်မတိုမိ။ ဒါက သူကိုယ်တိုင်အရင်
အစပျိုးခဲ့တဲ့ ဇာတ်လမ်းမလို့လား..
သူ့ကိုခေါ်တဲ့ မရီးဆိုတဲ့အခေါ်အဝေါ်သည်လည်း
နားထဲကိုးလို့ကန့်လန့်ဝင်မလာတော့..
သူပဲနားယဉ်သွားလို့လား ဒါမှမဟုတ်
သူ့နားတွေ အူသွားခဲ့လို့လား..

" မရီး.. "

အခန်းထဲရောက်တော့ ဂျွန်ဂျောင်ဂုက
ရှေ့မှာရှိနေတဲ့ သူ့ကိုနောက်ပြန်ဆွဲကာ
သူ့ရင်ဘတ်နား ဆွဲကပ်စေတော့ သူတို့
မျက်နှာချင်းဆိုင် ဖြစ်သွားသည်။
သူက သူ့ကို ရယ်ရွှင်မြူးရိပ်သန်းနေတဲ့
မျက်လုံးတွေနဲ့ ကြည့်နေခဲ့သည်။
ခုနကနှင့်ကွဲလွဲစွာ စိတ်မကြည်နေတဲ့
အရိပ်အယောင် တစ်ခုလေးမျှပင် မတွေ့ရတော့..

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now