ep4

2K 272 43
                                    


Warning:

ဤအပိုင်းတွင် အသက်မပြည့်သေးသူများ
ဖတ်ရှုရန် မသင့်တော်သည့် အကြောင်းအရာအချို့
ပါဝင်သည်။

*************************

" လုပ်ငန်းရဲ့ရည်ရွယ်ချက်ကို
သဘောမကျဘူးဖြစ်နေတယ်
မဒမ်ကိုယ်တိုင်က အဲလိုမျိုးရိုးက
ဖြစ်နေလို့ ကိုယ့်အချင်းချင်း
ဖေးမကူညီပေးချင်တာ နားလည်ပါတယ်
ဒါပေမဲ့ လူတိုင်းက မဒမ့်လို မတော်ကြပါဘူး
ဒီလုပ်ငန်းကိစ္စတွေကလည်း သူတို့နဲ့
မလိုက်ဖက်ပါဘူး အတန်းပညာ၊
အရည်အချင်းကလည်း မီအုံးမှပါ။
အဲလိုလူမျိုးတိုင်း အလုပ်ရဖို့ဆိုတာက
မဖြစ်နိုင်တဲ့ကိစ္စပဲ
မဒမ်လည်း ပြန်စဉ်းစားစေချင်တယ် "

" ဟုတ်ကဲ့ ကျွန်တော်ကိုယ်တိုင်
အများကြီး စဉ်းစားခဲ့ပြီးပါပြီ။
အတန်းပညာအတွက် ကျွန်တော်
ထောက်ပံ့ပေးနေတဲ့ ပညာသင်
ကျောင်းသားတွေ အများကြီး
ရှိနေပါပြီ။ အားလုံးကို အလုပ်နဲ့
သင့်တော်တဲ့ နေရာတွေပဲ စီစဉ်ပေးမှာမလို့
ထပ်စဉ်းစားပေးစေချင်တယ်။
ဒါက ဒီမျိုးရိုးအတွက်ပဲမဟုတ်ဘဲ
လူတိုင်းပညာတတ်မြောက်ရေး
အလုပ်ရနိုင်ရေးအတွက် အကောင်အထည်
ဖော်နေတာပါ။ ဝန်ကြီးချုပ်ရှိစဉ်ကလည်း
ဒီရည်ရွယ်ချက်ကို သဘောကျခဲ့ပါတယ်
ကူညီပေးဖို့မျှော်လင့်ပါတယ် "

" ဟုတ်ကဲ့ ကျွန်တော်ကလည်း
မဒမ့် ရည်ရွယ်ချက်ကြောင့်သာမဟုတ်ရင်
ကူညီပေးဖို့ စဉ်းစားထားပြီးသားပါ။ "

ဟူး..။ မလွယ်ပါလား..
လူတိုင်းက သူတို့မျိုးရိုးတွေ အမြင့်ရောက်မှာ
ကြောက်နေကြတယ်။ သာဓကအနေနဲ့
သူလို့လူတောင် ဝန်ကြီးချုပ်ကတော်
ဖြစ်ခဲ့ပြီး စီးပွားရေးဈေးကွက်မှာ နေရာ
ယူနိုင်ခဲ့သေးတာမလို့ သူတို့လိုလူမျိုးတွေ
အင်အားကြီးမှာ ကြောက်နေကြသည်။
သူကလည်း လူတွေအဲလိုမျိုးစိုးရိမ်ကြလေ
ပိုလို့တောင် အကောင်အထည်ဖော်ချင်လာလေပဲ

" အစ်ကို အဆင်မပြေဘူးလား "

" အင်း ဒန် အကုန်လုံးက ငါတို့ကို
ကြောက်နေကြတယ် အဲဒါကြောင့်
ငါပိုလို့တောင် စိတ်အားထက်သန်လာတယ်
တစ်နေ့ငါတို့ကို နှိမ်ချခဲ့တဲ့လူကုံထံတွေရှေ့မှာ
ငါ့လို ခေါင်းမော့ပြီး ရင်ဆိုင်စေချင်တယ်
အကုန်လုံးကိုငါ့လို ဖြစ်စေချင်တယ် "

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now