ep11

2.1K 310 60
                                    

မနက်နိုးလာတော့ အိပ်ရာပေါ်တွင်
သူတစ်ယောက်တည်းသာ.. ကြည့်ရတာ
ပုံမှန်အချိန်အတိုင်း ထသွားပြီ ထင်ပါရဲ့..
သူခုတင်အောက် ခြေထောက်ချလိုက်ပြီး
ခေတ္တမျှထိုင်နေမိသည်။ မနေ့က သူတို့
တစ်ခုတင်တည်း အတူအိပ်လိုက်မိတာပဲ
စက်ရုံမြေလိုက်ကြည့်မယ်ပြောတာနဲ့
သူငြင်းဆန်ဖို့ပင် ထပ်မကြိုးစားနိုင်တော့ဘူး။
သူတို့ထိုအတိုင်းပဲ အိပ်ရာဝင်လိုက်ကြတာ..
ဂျွန်ဂျောင်ဂုဘာအကွက်တွေ ရွှေ့ချင်နေတာလဲ
ဆိုတာ သူတွေးမရလောက်အောင် ဖြစ်နေပြီ။
ဂျယ်နီနဲ့ဟယ်လင့်ကို ပတ်ကစားနေတာကိုတော့
သူနားလည်လို့ရပြီး သူနဲ့ကျတော့
ဘယ်လိုဖြစ်ချင်နေတာလဲဆိုတာ
သူတွေးရခက်နေသည်။ တကယ်ပဲ
သူနဲ့အဲလိုသွားချင်တာလား..

အမှန်အတိုင်းပြောရရင် သူလည်း
အပျော်မယ်ယောကျာ်းတွေနဲ့ ဘာမှမကွာဘူး။
သူသည်လည်း ဝန်ကြီးချုပ်ကို ဖြားယောင်းပြီး အခုလိုအဆင့်အတန်းအလွှာထဲ ရောက်လာခဲ့ပေမဲ့ မျိုးရိုးကအပျော်မယ်ဆိုတာ ပျောက်မသွားဘူး။ ဂျွန်ဂျောင်ဂုမလိုချင်တာက ယောကျာ်းတွေ
အများကြီးရဲ့ အသုံးတော်ခံဖြစ်နေတာမလို့
တခြားယောကျာ်းတွေနဲ့ အတူနေရမှာ မနှစ်မြို့၍ သူ့ကိုရွေးချယ်ချင်ခဲ့တာလား.. သူကတကယ်ပဲ
ဝန်ကြီးချုပ်ကို ဖြားယောင်းခဲ့တဲ့သူ့ကို
လိုချင်ပါ့မလား.. မဟုတ်မှ သူက.. သူ့ကောလဟာလသတင်းတွေအတိုင်း
ပိုင်ရှင်ရှိအမျိုးသမီးတွေကိုသာ
ပိုနှစ်သက်သည်ကြောင့်လား.. အဲဒါကြောင့်လား..

သူ လားပေါင်းများစွာနဲ့ ရောက်တတ်ရာရာ
တွေးနေခဲ့ပြီး နေ့စဉ်လုပ်နေကြအလုပ်တွေ
နှောင့်နှေးကုန်သည်။ မျက်နှာသစ် ရေချိုးပြီး
အောက်ထပ်ဆင်းလာခဲ့သည်။ မနေ့က
ပါတီပွဲကြောင့် အသုံးပြုထားတဲ့ ပစ္စည်းပစ္စယတွေ
အကုန်ပြန်စီစစ်ပြီး စာရင်းထုတ်ရအုံးမည်။
ကုန်ကျစရိတ်တွေလည်း တွက်ချက်ရအုံးမည်။

သူအောက်ရောက်တော့ ဧည့်ခန်းတွင်
မနေ့ကရတဲ့ လက်ဆောင်ပစ္စည်းတွေ
ပြည့်နှက်လို့နေသည်။ သူထိုဟာတွေကို
တစ်ချက်သာကြည့်လိုက်ပြီး အရှေ့ထွက်လာခဲ့သည်။
မနေ့တုန်းက အပြင်အဆင်တွေ ရှင်းလင်းနေတာ
အားလုံးပြီးလုနေပြီ။ အိမ်တော်က
အလုပ်သမားတွေအားလုံး ထိုအတွက်
ပျားပန်းခတ်အလုပ်ရှုပ်နေကြ၍ မုန့်ဖိုး
သတ်သတ်ပေးရအုံးမည်။ ဒါတွေ
ပွဲပြင်ဆင်တဲ့သူတွေက ဘာမှလှည့်မကြည့်တော့
သူတို့ပွဲပြီးပြီးပစ်ထားလိုက်ပြီ။ သူအထဲ
ပြန်ဝင်လာခဲ့တော့ ဧည့်ခန်းတွင် မစ္စမာရင်း
အသံကြားရသည်။ သူသေချာကြည့်တော့မှ
မစ္စမာရင်းနဲ့ အကူမလေးနှစ်ယောက်
လက်ဆောင်ထိုင်ဖောက်နေကြသည်။
လက်ဆောင်ပုံးတွေကြား လူပျောက်နေ၍
ခုနကထိ လူမရှိဘူးလို့ သူထင်နေတာ။
သူတို့က ရရှိတဲ့ လက်ဆောင်တွေကိုကြည့်ပြီး
ပျော်ရွှင်မှုတွေ ဖုံးမရဖြစ်နေကြသည်။

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now