ep8

1.9K 285 38
                                    

ဒီနေ့ရာသီဥတုက နေသာပုံရသည်။
သူနိုးလာတော့ မှန်ပြတင်းပေါက်ရဲ့
အခန်းဆီးစလေးတွေကြားကနေ
နေရောင်တစ်စွန်းတစ်စ မြင်နေရသည်။
နေရောင်မြင်တော့ သူအိပ်ရာမှ ထလိုက်ပြီး
အခန်းဆီးစကိုဖယ်ကာ မှန်ပြတင်းပေါက်လေးကို
ဖွင့်လိုက်ကာ နေရောင်အပြည့်အဝ ခံယူလိုက်သည်။
မျက်လုံးမှိတ်ကာ အပြည့်အဝခံစားလိုက်ပြီး
မနက်ခင်းနေထွက်လာတဲ့ မြင်ကွင်းကို လိုက်လံ
ကြည့်ရှုနေခဲ့သည်။ သူတို့အိမ်တော်ရဲ့
ဥယျာဉ်ထဲတွင် နေရောင်အပြည့်အဝ ဖြာကျနေတော့
ထိုမြင်ကွင်းသည် လှပလို့နေသည်။
သူလိုက်ကြည့်လို့နေခဲ့ရင်း အဝေးဆီမှ
ရင်း‌နှီးနေတဲ့ ပုံရိပ်နှစ်ခုကြောင့် သူ့အကြည့်တွေက
ထိုလူတွေဆီ ရောက်သွားသည်။

ဟယ်လင်နဲ့ဂျွန်ဂျောင်ဂုပင်။ ဟယ်လင်က
ပန်းရောင်အားကစားဝတ်စုံနှင့်ခေါင်းပတ်တို့ကို
ဝတ်ဆင်ထားပြီး သူကမနက်ခင်းမှာ
နေရောင်နဲ့အတူ အပြုံးတွေပွင့်လန်းပြီး
လန်းဆန်းလို့နေသည်။ ဂျွန်ဂျောင်ဂုက
အဖြူရောင်အင်္ကျီ၊ကွန်မန်ဒိုဘောင်းဘီ
ပျောက်ကြားနဲ့ အားကစားသုံးဖိနပ်တို့
ဝတ်ဆင်ထားသည်။ ကြည့်ရတာ မနက်ခင်း
လေ့ကျင့်ခန်းလုပ်ပြီး ပြန်လာကြပုံပဲ။

သူခဏလောက် ထိုမြင်ကွင်းကို ကြည့်နေခဲ့ပြီး
ရေချိုးခန်းဆီသို့ ထွက်လာခဲ့သည်။ ဒီနေ့လည်း
စက်ရုံသွားဖို့မရှိသေးဘဲ ညနေပိုင်းလောက်ကျမှသာ
အပြင်သွားဖို့ရှ်ိသည်။ သူမျက်နှာသစ်ပြီးတော့
အောက်ထပ်သို့ ဆင်းလာခဲ့သည်။

လှေကားထစ်တွေထက်လျှောက်နေရင်း
အပြင်ကဝင်လာတဲ့လူရိပ်နှစ်ခုကြောင့်
သူ့ခြေလှမ်းတွေ လှေကားအလယ်တွင်
ရပ်မိသွားသည်။ လူနှစ်ယောက်က
စကားတပြောပြောနဲ့ အိမ်တော်ထဲဝင်လာကြသည်။

" သခင်လေးဂျွန်ဆီက ကောင်းတဲ့အလေ့အကျင့်တစ်ခု
ဟယ်လင်သင်လိုက်ရပြီ နောက်နေ့တွေရော ဟယ်လင်
စောစောထပြီး သခင်လေးနဲ့အတူ မနက်ခင်းလေ့ကျင့်ခန်း
အတူလိုက်လုပ်လို့ ရအုံးမလား "

" အိုး ရပါတယ် ကျုပ်ခေါ်သွားပေးလို့ရတယ်
ကျုပ်တို့စစ်တပ်မှာက မနက်တိုင်းလေ့ကျင့်ရေး
အချိန်ရှိလို့ ကျုပ်ကအကျင့်ဖြစ်နေတာ
ထွေထွေထူးထူးတော့ မဟုတ်ပါဘူး "

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now